Saturday, July 17, 2010

ငယ်ငယ်တုန်းက ကလေးလေးတွေပေါ့

ကျွန်တော့ရဲ့အသက်တစ်ဆယ့်ခြောက်နှစ်တုန်းကပေါ့ ရည်းစားစထားဖြစ်တယ်။ ပထမဆုံးရည်းစားဆိုတော့ အရူးအမူးပဲပေါ့နော့။ ချစ်သူက ဖုန်းဆက်ရင်းပြောတယ်....။ လာမယ့် စနေနေ့ သူတို့အိမ်မှာ ဘယ်သူမှ မရှိကြဘူးတဲ့......။ကျွန်တော်က လူရိုး ဟုတ်တယ်ပါးစပ်ထဲလက်ထဲ့ရင်တောင် မကိုက်တတ်ဘူး။ ငုံထားတတ်တာ။ အထာပေါ့လေ အထာ။
ဖုန်းဆက်တုန်းကတော့ မတွေးမိပါဘူး။ ညပိုင်းရောက်မှ ပြန်စဉ်းစားမိတယ်။ ကျွန်တော်သေသေချာချာ စဉ်းစားတယ်.....။ဟာ ပေါက်ပြီ ပေါက်ပြီ တယ်နုံတဲ့ငါပဲ ငါ့ချစ်သူလေးက ဒီလိုအထာတွေပေးနေတာတောင် မပေါက်တဲ့ငါဆိုပြီး ကိုယ့်ပါးကိုယ်တောင်ပြန်ရိုက်ခြင်မိတယ်။ဒါ သူ့အိမ်မှာဘယ်သူမှမရှိခင် ငါ့ကိုနှစ်ယောက်တည်းတွေ့ဖို့ ခေါ်လိုက်တာပဲ။ ရေရေလည်လည် ရင်ခုန်သွားတယ်။
ဪ တော်လိုက်တဲ့ချစ်သူလေးပေါ့။(သူ့အမေသိရင် လိမ်မာလွန်းလို့ ချစ်သွားမယ်) ဒါပေမဲ့ပြန်စဉ်းစားလိုက်တယ်။ ငါဘာမှမပြင်ဆင်ရသေးပါလားပေါ့။အဲ့ဒါနဲ့ အွန်လိုင်းကနေ လိင်ပညာပေးတွေရှာဖတ်။ မနက်တိုင်း နွားနို့နဲ့ငှက်ပျောသီးတွေစား။ (အားရှိမှဖြစ်မယ်လေ။ဒါမှ ရေလည်အစွမ်းပြလို့ရမှာပေါ့) ဒါတင်မကသေးဘူး မနက်တိုင်းလည်း ထပြေးပေါ့(သက်လုံကောင်းအောင်လေ အမောခံနှိုင်အောင်) ပြီးတော့ မားသားကြီးကို ဖားသားကြီးက ဘယ်လိုနမ်းတယ်ဆိုတာ အပြတ်ခြောင်းကြည့်။ အယ် ရှက်စရာတွေ။ ချစ်သူလေးနဲ့တွေ့တော့ ဒီအကြောင်းတောင် စကားမဟဘူး။သူရှက်မှာစိုးလို့ပါ။ ဟုတ်တယ် သူကအရမ်းရှက်တတ်တာ။ အေးလေ သူလည်းကိုယ့်လိုရင်တွေခုန်နေမှာပဲ။ ပြင်ဆင်နေမှာပဲ။နားလည်ပေးရမှာပေါ့။
အဲ့ဒီနေ့အတွက်ရင်ခုန်လွန်းလို့ ညဘက်ဆိုအိပ်လို့တောင်မပျော်ဘူး။ (အမေရေ အမေ့သားတော့ ချစ်သူလေးကောင်းမှူ့ကြောင်အိုရခြည် သေးရဲ့။) ပြီးတော့ ကျောင်းမှာလည်း အဲ့ဒီအကြောင်းတွေးမိရင် ရှက်လွန်းလို့ မျက်နှာနီပြီး(ရှက်သွေးတွေဖြာပြီး) ရယ်လို့ သူငယ်ချင်းတွေကတောင် မေးသေးတယ်။ လာမမေးနဲ့ ဒါမျိုးကို အသေသာခံသွားမယ်လုံးဝမပြောဘူး။ ဟုတ်တယ် လုံးဝပေါက်ကြားလို့ မရဘူး။ အရေးကြီးတယ်။
ဒီလိုနဲ့ စနေနေ့မနက်ရောက်လာတယ်။ သန့်ရှင်းအောင်ဆိုပြီး တညလုံး ရေတွေနင်းကန်ချိုးထားလို့ လူကအအေးမိပြီးဖျားခြင်နေတယ်။
ရတယ် ပြသနာမရှိပါ။ အဓိကက အဓိကပဲလေ။ ဘာဝတ်သွားရင်ကောင်းမလည်း မသိ???? စဉ်းစားရပြန်ပြီ အေးလေနောက်ဆုံး ချွတ်ရမှာပဲဆိုပြီး ဂျင်းဘောင်းဘီအနက်မလေးနဲ့တီရှပ်ကလေးပဲဝတ်သွားလိုက်တယ်။(အမေကတော့ပြောပါတယ် ချောပြီးသားပါတဲ့)
ရင်တွေက အရမ်းခုန်နေတယ်။ ငါလူပျိုဘဝကို ချစ်သူလေးဆီပေးလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ (ကိုယ်ပဲ အနစ်နာခံလိုက်ပါမယ်။)
ဪ သွားခါနီးခေါင်းလိမ်းဆီတွေကိုရွှဲနေအောင်လိမ်းလိုက်တယ်၊ပြီးတော့ မှန်ကြည့်လိုက်တယ်။ ဟာ ငါအရမ်းကိုချောနေပေါ့။

ချစ်သူလေးရဲ့ အိမ်ရှေ့ရောက်တော့ ရင်တွေအရမ်းခုန်နေတယ်။ ဒါပေမဲ့ စဉ်းစားလိုက်တယ်(ဒီဟာမျိုးကသူရောကိုယ်ရောကောင်းဖို့အတွက်ပဲပေါ့။) ပြီးတော့ ဆုံးဖြတ်လိုက်တယ်....။စနေနေ့မှာ ကျွန်တော် ချစ်သူရဲ့ အိမ်ကို ရောက်အောင်သွားခဲ့ပါတယ်....။
ချစ်သူပြောခဲ့သလိုပါပဲ.... သူတို့အိမ်မှာ ဘယ်သူမှ မရှိကြဘူး..... တံခါးပေါက်မှာ သော့အကြီးကြီးခတ်လို့ပေါ...
အခုမှသဘောပေါက်သွားတော့တယ်။
"ဪ ချစ်သူလေးကတော့ပြောသားပဲ စနေနေ့အိမ်မှာဘယ်သူမှ မရှိပါဘူးလို့။"
tarkarshi.sarko@gmail.com

ဟိုးအဝေးမှာ ချစ်သူရဲ့အိမ်ကလေးရှိတယ်။

လေယဉ်ပေါ်ကအဆင်း မြန်မာပြည်ရဲ့အတွေ့အထိကလူကို နွေးထွေးသွားစေတယ်။ ပြီးတော့ အိမ်ကလာကြိုတဲ့ကားဆီလျှောက်လာမိတယ်။
လမ်းတစ်လျှောက်ရှူ့ခင်းတွေက စင်ကာပူနဲ့မတူထူးဆန်းနေတယ်။
ကိုယ်တို့ရဲ့အိမ်ကိုအသွား လမ်းမှာရပ်ပြီး သိလိုသမျှတွေကို ဒရိုင်ဘာအန်ကယ်ကြီးကိုမေးကြည့်ခဲ့တယ်။
အိမ်နားအရောက် အိမ်ဘေးမှာချစ်စရာကောင်းတဲ့အိမ်ကလေး တစ်လုံးကိုတွေ့လိုက်တယ်။အိမ်ရှေ့မှာက ကောင်လေးတစ်ယောက် တံမျက်စည်းလှည်းနေတယ်။ကိုယ့်ကိုယ်မြင်တော့ ပြုံးပြီးလက်ပြလိုက်တယ်။
ကချင်ပုဆိုးအကွက်ကလေးနဲ့လည်ကတုံးကလေးနဲ့သူ့ပုံက ကိုယ့်အတွက်တော့အဆန်းပဲဒီလိုနဲ့ ကိုယ်သူ့ကို စိတ်ထဲကနာမည်ပေးလိုက်တယ် "ချစ်သူ" လို့။

ကျောက်စရစ်ခဲလေးတွေ ခင်းတဲ့ လမ်းလေးထဲမှာ ချစ်သူရဲ့အိမ်လေး ရှိတယ်။ အဲဒီ လမ်းလေး တစ်ဖက်တစ်ချက်မှာတော့ ၀ါးရုံပင်တန်းလေးတွေ။ ညနေစောင်းပြီဆိုရင် ချစ်သူနေတဲ့ လမ်းလေးထိပ်က
ပုဇွန်ကွက်ကျော်သုတ်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ကြံရည်ဆိုင်လေးတွေမှာ လူစည်ကားတတ်တယ် ။
မီးရောင်လဲ့လဲ့ စာအုပ်အငှားဆိုင်လေးတွေ၊ ဆိုက်ကားသံတွေနဲ့လဲ အသက်ဝင်နေတယ်။ ဒါပေမယ့် ချစ်သူနေတဲ့ လမ်းလေးထဲမှာကတော့ လူခြေတိတ်ဆိတ်နေတတ်တယ်။

ချစ်သူရဲ့ အိမ်ပတ်ပတ်လည်မှာ သရက်ပင်တွေ၊ မန်ကျည်းပင်တွေ တန်းစီနေတယ် ။ တစ်ခါတစ်ရံ သရက်ကင်းလေးတွေက လမ်းလေးပေါ်ကို ကျနေတတ်တယ်၊ ပြူတင်းပေါက် ဖြူဖြူလေးတွေမှာ ကန့်လန့်ကာ အပြာလေးက လေမှာ လွင့်နေတတ်တယ်။ ခြံဝင်းလေးကတော့ သစ်ရွက်တွေ ကင်းစင်လို့ အမြဲတမ်း ပြောင်စင်နေတတ်တယ်။ ခြံလေးရဲ့ထောင့်မှာ အရိပ်ကောင်းတဲ့ ရေတွင်းလေးနဲ့  တွဲရရွဲကျနေတဲ့ သစ်ခွပန်းတွေရှိတယ်၊

ညနေစောင်းတွေမှာ ခြံဝင်းလေးထဲမှာ တစ်ခါတစ်ရံ ချစ်သူ တံမြက်စည်းလှဲနေတာကို ပုဏ္ဍရိတ်ပင်တွေကြားက မြင်ရတတ်တယ်။ ချစ်သူကို ချစ်မိသွားတဲ့ အကြောင်းတွေထဲမှာ အဲဒါတစ်ခုလဲပါတယ်။ တစ်ခါတစ်ရံ တံမြက်စည်း လှဲပြီးသား သစ်ရွက်ခြောက် လေးတွေကို မီးရှို့နေလို့  မီးခိုးငွေ့တွေ ဟိုးဝါးရုံပင်ထိပ်ဖျားကို လွင့်တက် သွားတယ်။

မိုးအုံ့နေတဲ့ ညနေလေး တစ်ခုမှာတော့ ချစ်သူခြံဝမှာထွက်ရပ်နေတယ်။ သူငယ်ချင်ရဲ့ နောက်မှာ ပုန်းကွယ်ရင်း နောက်ပြန်လှည့်ကြရင်ကောင်းမလားလို့ ချီတုံခြတုံ ဖြစ်နေခဲ့တယ်။ ကချင် ပုဆိုးကွက်နဲ့ ချစ်သူက ခေါင်းငုံ့ပြီး မြေပေါ်ကတစ်စုံတစ်ရာကို(ဒါမှမဟုတ်) ဘာမှမရှိတာကို ဖိနပ်ဦးနဲ့ တို့ကစားနေတယ်။ ကိုယ်ချစ်တဲ့လူ တစ်ယောက်ရှေ့က ဖြတ်လျှောက်ရတာ တော်တော်ခက်တဲ့ အလုပ်တစ်ခုဆိုတာ အဲဒီနေ့က သိခဲ့ရတယ်။ ချစ်သူရဲ့မျက်လုံးက အားလုံးထဲမှာမှ ကိုယ့်ဆီရောက်လာတယ်။ ရိုလ်းနံပါတ် နှစ်မဟုတ်လားတဲ့၊ ကျွန်တော် “ သော်ဇင်ဟိန်း” ပါတဲ့၊ ဒါ ကျွန်တော့အိမ်ပါတဲ့၊ တစ်ခါ ခေါင်းထပ်ငြိမ့် ပြန်တယ်။ အားတဲ့အခါ လဲလာလည်နိုင်ပါတယ်တဲ့။ ခေါင်းတွေ ငြိမ့်ပြန်ရော။ အဲဒီညနေက ခေါင်းငြိမ့်တဲ့ အလုပ်နဲ့ပဲ ပြီးသွားကြတယ်။

နောက်ပိုင်းသိလာရတာကချစ်သူဟာ အင်မတန်ဖြူစင်တယ်။ သူနားမလည်တဲ့ စာတွေဆိုကိုယ့်ဆီလာရှင်းပြခိုင်းတယ်။
ပြီးတော့ကိုယ်က ဘာသာပြန်ဖတ်ပြရင် နားထောင်နေတဲ့ပုံက ချစ်စရာကောင်းတယ်။
ပြီးတော့ တခါတလေ ကော်ဖီခါးခါးကိုမှသောက်တတ်တဲ့ကိုယ့်ကို စိတ်ပူပေးတတ်တယ်။
ကိုယ်မသိခင်နို့နဲနဲပိုထည့်ပေးတတ်တယ်။ ချစ်သူရဲ့ဆံပင်ကခွေခွေကောက်ကောက်ကလေး။ ရယ်လိုက်ရင် သွားတက်ကလေးပေါ်လာတယ်။
ဒါ့ကြောင့် ချစ်သူဟာအင်မနချစ်ဖို့ကောင်းတယ်။
ကိုယ်ကဘတ်စကက်ဘောကစားတယ် ချစ်သူကတော့ ဘောလုံးပဲကန်တတ်တယ်။
သူက မြန်မာမိရိုးဖလာအကြောင်းရှင်းပြတတ်တယ် ကိုယ်ကလည်းအိပ်ငိုက်တတ်တယ်။
ပြီးတော့ ကိုယ်က အင်မတန်အရယ်သန်တယ် လူကြားသူကြားထဲမရှောင် အသကုန်အော်ရယ်တတ်တယ်။ချစ်သူကတော့ ပြင်ဖို့ပြောတယ်။
ပုဆိုးမဝတ်တတ်ခဲ့ဘူး ။သူကတော့အမြဲ ကချင်ပုဆိုးလေးအမြဲဝတ်တတ်တယ်။
ဒါပေမဲ့ မထင်မှတ်စွာ ကိုယ်တို့အရမ်းနီးစပ်ခဲ့တယ်။
မင်းက ခန်းနားလွန်းပါတယ်ကွာလို့ တခါတခါညည်းညူတတ်တယ်။

ချစ်သူအတွက် ကဗျာလေးတွေကို စပ်ဖူးတယ်။ ချစ်သူနဲ့ သူငယ်ချင်းတွေ ဖြစ်သွားပြီးတဲ့နောက် သူ့အတွက် စပ်ထားတဲ့ကဗျာတစ်ပုဒ်ကို ချစ်သူကို လက်ဆောင်အဖြစ် ပေးလိုက်ရတယ်။ ချစ်သူ စိတ်ဝင်စားနေတဲ့ အရပ်ပုပု ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးကို ပေးဖို့အတွက်ပေါ့။ သူငယ်ချင်းတွေကတော့ နှစ်မျောတသနဲ့ မြည်တွန်တောက်တီး နေခဲ့ကြတယ်။

ဒီလိုနဲ့ဆုံးဖြတ်ခဲ့တယ် အဝေးဆုံးကိုထွက်သွားဖို့ပေါ့။ လေယာဉ်ကွင်းကို သူရောက်လာပါတယ်။
မျက်နှာတွေပျက် ခေါင်းငိုက်စိုက်ကြပြီးမေးတယ် ပြန်လာအုံးမှာလားတဲ့။
ကိုယ်ကဧည့်သည်ပါ အချိန်တန်တော့ ပြန်ရမှာပေါ့လို့ ဖြေလိုက်တယ်။

နှစ်တွေအကြာကြီးမှာ ချစ်သူရဲ့အိမ်လေးရှေ့ကို တစ်ခါပြန်ရောက်တယ်။ အရင်လိုပဲ သစ်ရွက်တွေ ရှင်းလင်းပြီးစ ခြံဝင်းလေးက သန့်ရှုင်းနေတယ်။ ချစ်သူကို တံမြက်စည်းလေးကိုင်လို့ တွေ့လိုက်ရတယ်။ ချစ်သူဘေးမှာ ဂါဝန်အ၀ါလေးနဲ့ ပါးဖောင်းဖောင်း ကလေးလေးတစ်ယောက်က သရက်သီးလေး ကိုင်လို့ ရပ်ကြည့်နေတယ်။ သစ်ရွက်ပုံလေး နားမှာတော့ အရပ်ပုပု ဆံပင်ကိုတပတ်လျှိုတွဲချထားတဲ့ မိန်းကလေးတစ်ယောက်။ ချစ်သူတို့  မိသားစု လုပ်လက်စ အလုပ်တွေကို ထားပြီး အိမ်ပေါ်မှာ သစ်သီးမျိုးစုံနဲ့ ဧည့်ခံကြတယ်။

ညမီးလေးတွေ လက်လာတော့ ခြံဝအထိ ချစ်သူက လိုက်ပို့တယ်။ နင့်ရဲ့ ကဗျာတစ်ပုဒ်အတွက် ကျေးဇူးတင်ပါတယ်လို့ ချစ်သူကပြောတယ်။ ညလေအတိုးမှာ ၀ါးရုံပင်တွေတရှဲရှဲမြည်သွားတယ်။
ချစ်သူအိမ်ကို ကျောခိုင်းလျှောက်နေပေမယ့် ချစ်သူကိုယ့်ကို ခြံဝက ရပ်ကြည့်နေဆဲပဲဆိုတာ သိနေခဲ့တယ်။

ဒါပေမယ့်လေ...ချစ်သူရှေ့မှာ လမ်းလျှောက်ရတာ သိပ်ခက်ခဲတဲ့ အလုပ်တစ်ခုတော့ မဟုတ်တော့ပါ။
tarkarshi.sarko@gmail.com

Monday, February 15, 2010

NEVER BE REPLACED (အစားထိုးမရသော)

“ဟိတ်ကောင် ယုန်နဲလိပ်အပြေးပြိုင်တာ ဘယ်သူနိင်သလဲ?”
“လိပ်လေကွာ...”
“မှားတယ်ယုန်နိင်သွားတယ်”
“ဟင်ဘာဖြစ်လို့ လဲ ???”
“ဘယ်သူကအပြေးမြန်သလဲစဉ်းစားအုန်း။”

“ကဲ ပြန်မေးအုန်းမယ်။ အပြေးပြိုင်တော့ ဘယ်သူနိင်သလဲ ပြောကွာ။”
“ယုန်နိင်တယ်။”
“မင်းမှားပြန်ပြီ။”
“ဘာဖြစ်လို့လဲ???”
“ပုံပြင်မှာလိပ်ကလေးကနိင်တယ်လေ။ ဟား ဟား ဟား ဟား။”

“ကဲ ဒီတခါနောက်ဆုံး ပြန်မေးမယ်။ ယုန်နဲ့လိပ်အပြေးပြိုင်တာ ဘယ်သူနိင်သလဲ?”
“အင်း... ယုန်ပဲဖြစ်မှာ...”
“လိပ်ကလေးလေကွာ။ ရေကူးပြီးပြိုင်တာလေ ဒီတခါက။”
“ ဟာ... တော်ပြီ။ မင်းသက်သက်ညစ်တာပဲ...”
“ ဟား ဟား ဟား ဟား... ချစ်လို့နောက်တာပါကွာ...”

x x x

love is when you look into someone`s eyes and see everything you need.
(အချစ်ဆိုတာ တစ်စုံတစ်ဦး မျက်လုံးကိုကြည့်လိုက်ရင် မင်းလိုနေတာကိုတွေ့ရှိခြင်းပဲ)

သူ့ကို ဘရုက်ဘရက်များစွာ ဖြစ်မှူ့ကနေစတွေ့တာပါ ။ကျနောဘဝမှာ အပြစ်ကင်း ကင်းနဲ့ရယ်မောတတ်ပီး သူတပါးကိုကူညီတတ်သူကို ပထမဆုံးစတင်တွေ့ ရှိတာပါ။ကျနော်ကတော့ အပြစ်ကင်းစွာ မရယ်ဖြစ်တာကြာပြီပဲ။ ဟုတ်တယ် ကျနော်ဟတ်ဟတ်ပက်ပက်မရယ်ဖြစ်တာ ကြာပြီ။ ကျနော့ကိုဘရုက်ဘရက်များစွာ ဖြစ်စေပါပြီ။

FIRST SCHOOL DAY ပါ။class room ထဲကိုခပ်တည်တည်ဝင်လာတဲ့ ကျွန်တော့ ပုံစံကအားလုံးကိုတိတ်ဆိတ်စေတာကို ရုက်တရက်သတိထားမိလိုက်တယ်။ ဝန်ခံပါတယ် ကျနော်ပုဆိုးမဝတ်တတ်ဘူး။ ကျနော်မြန်မာပြည်နဲ့အသားမကျသေး တာအမှန်ပါ်။ရှေ့ဆုံးမှာခပ်တည်တည်ဝင်နေရာယူလိုက်တယ်။

မင်းက a new student လား။ထပြီး မိတ်ဆက်ပေးပါ။ ဆရာမဆီကစကားကိုကြားလိုက်သည်။ကျနော်ကတော့ ချက်ချင်းမထသေးပါဘူး။ ကျောပိုးအိတ်ကိုနေရာအရင်ချလိုက်တယ်ပြီးတော့မှ mp3 နားကျပ် ကိုဘေးထားပြီး ထလိုက်သည်။

“HI... my name is KIM PI.”

ဒီတစ်ခွန်းပဲပြောပြီး ပြန်ထိုင်လိုက်သည်။ တခန်းလုံးညိမ်သွားသည်။ ကျနော်ကတော့ခတ်တည်တည်ပဲ ထိုင်လိုက်သည်။ဆရာမက ကျနော့အပြုအမှုကြောင့် မျက်နှာပျက်နေပေမဲ. ထပြီးစာကိုစသင်လိုက်သည်။ထိုစဉ်အခန်းထဲကို ကျောင်းသားတစ်ဦးဝင်လာသည် ။

“မင်္ဂလာပါ ဆရာမ”
ထိုကျောင်းသားအသစ်ကပြောလိုက်ပြီး ဆရာမကို ပြုံးပြလိုက်သည်။ ပြီးနောက် ကျနော့ဆီကိုတန်းလာပြီးနောက် ခွင်.တောင်းလိုက်သည်။
“ကျနော့နေရာမှာ ခင်များထိုင်နေပေမဲ့ပြသာနာမရှိပါဘူး။ ကျနော် ဘေးမှာထိုင်ပါရစေ။”

သူပြုံးလိုက်ပြန်သည်။ကျနော် ဒီတစ်ခါတော့ ငါမှားပြီမှန်းသိလိုက်သည်။ ဒါပေမဲ့ ကျနော့ပင်ကိုယ်စရိုက် အတိုင်း ခတ်တည်တည်ပင် တစ်ချက်နုက်ခမ်းလှုပ်ရုံ ပြုံးပြလိုက်သည်။သူက ဘေးမှာဝင်ထိုင်လိုက်ပြီး ရယ်ပြပြန်သည်။ကျနော် တော်တော်ရယ်နှိုင်တဲ့ကောင်ဟု မှတ်ချက်ခြလိုက်သည်။ ဒါဟာငါတို့စတွေ့တာဆိုရင် ငါမင်ကိုလုံးဝကိုကြည့်မရခဲ့တာ အမှန်ပဲ။ဝန်ခန်ပါတယ် ပြီးတော့ရယ်လိုက်ရင် မှေးနေတဲ့မျက်လုံးလေးဟာ ငါမင်းကိုသတိထားလိုက်မိတဲ့ အချက်ပေါ့။

x x x

LOVE IS CHILDISH..!
အချစ်ဆိုတာ ကလေးဆန်ချင်းပဲ။
...................................... အခန်း(1/2) ......................................

ကျောင်ဆင်းချိန် မိုးတွေသဲနေတဲ့ ကျောင်းဆင်းချိန်မှာ ကျနော်ကျောင်း လှေကားလေးမှာ ထိုင်နေပြီး မလာသေးတဲ့ driver uncle ကိုစောင့်နေတုန်း......
“ထီးမပါဘူးလား။ ”
“ငါဘယ်တော့မှထီးမဆောင်ဘူး။”
“ ဒါဆိုကျနော်နဲ့အတူတူပြန်ရအောင်လေ။”
“sorry....ငါကမိုးနဲနဲလေးဆိုမှာတောင်မကြိုက်ဘူး။ ”

သူ့ထီးကိုကျနော့လက်ထဲထည့်ပေးပီး ဒါဆိုမင်းပဲဆောင်းလိုက်ပါ ငါကပြသာနာမရှိဘူးဟူ့ပြောကာ ကျနော်ကြောင်ပြီးသူ့ကို ငေးနေတုံးသူက ပြန်သွားသည်။
“ ဟိတ်ကောင် .......................”

ကျနော်အော်ခေါ်လိုက်သည်။သူက လှည့်ကြည့်လိုက်သည်။ ကျနော်က တချက်ရယ်ပြလိုက်ပီး ထီးကိုထားခဲ့ပြီး မိုးသဲထဲကို ပြေး လာလိုက်သည်။ ပြီးနောက် တဦးကိုတစ်ဦးကြည့်ပြီး အဓိပယ်မဲ့စွာရယ်လိုက်က်ြသည်။ ဒီလိုဖြင့် အလွန်ကိုမှ ဆန်.ကျင်ဘက်ကြသော ကျနော်တို့နှစ်ဦး သူငယ်ချင်းဖြစ်သွားသည်။ ကျနော်ကားပေါ်အတက်မှသူ့နာမည်ကိုမေးဖို့ သတိရသွားသည်။ ငါကလဲငါပဲလေ။ကျနော် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။ ဒီနေ့ငါတော်တော်မိုက်မဲတာပဲ။

............. အခန်း(1/3) ..................
တခုသောအင်းယားရဲ့မနက်ပိုင်းတွင်ကျနော်တို့ ကန်ဘောင်တွင်ထိုင်ဖြစ်ခဲ့ကျသည်။ နှင်းများလဲ မကျပါ။ ရုပ်ရှင် တွေထဲကလို သစ်ရွက်များလဲ ကဗျာဆန်ဆန် ကြမနေပါ။သို့သော်လဲ ကျနော့ဘဝတွင် ထိုနေ့ကလေးကို အမှတ်တရဖြင့် သတိတရ ရှိခဲ့သည်။

“ငါကြည့်နေတကြာပြီ မင်းဆေးလိပ်တွေတော်တော်သောက်တာပဲနော်။”
“မင်းလျှော့သောက်ပါလား။”
“ဟိတ်ကောင်ငါပြောနေတာတွေကောကြားရဲ့လား။”
ကျနော်သူ့ကိုတချက်သာကြည့်လိုက်သည်။ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။

“မင်းပုံပြင်တွေကို သဘောကြလား။”
“ ကြိုက်ကြိုက်မကြိုက်ကြိုက် နာထောင်။”
“ မကြာသေးခင်ကာလတုံးက ကျီးကန်းတကောင်က လမ်းမှာဗျိုင်းတကောင်ကိုတွေ့လိုက်တယ်တဲ့။ အဲ့ဒီမှာသူလဲဖြူခြင်လာလို့ ရေကန်ကိုအမြန်ပြေးပြီး တသက်လုံးသူမလုပ်ဘူးတဲ့ ရေတွေချိုးလိုက်တာ အအေးမိတာပဲအဖတ်တင်တယ် ဘာမှမပြောင်းလဲခဲ့ဘူးတဲ့။”
“ ငါဘာဆိုလိုမှန်း မင်းသိသလား ။”
“ ငါ့ကိုပြောင်းလဲဖို့ မကျိုးစားပါနဲ့ အရှိအတိုင်းသာ လက်ခံပေးပါ။”

ကျနော့ရဲ့စိမ်းကားခါးသက်လှတဲ့ စကားတွေကြောင့် သူထပြန်ပြီထင်နေတုန်းသူက ကျနော့ရဲ့အေးစက်နေတဲ့လက်တဖက်ကို လာဆုတ်ကိုင်ပြီး သူ့အနွေးထည် ဘေးအိတ်ထဲထည့်လိုက်သည်။သူ့ရဲ့ ထူးဆန်းတဲ့အပြူ့အမှုတွေက ကျနော့ကို ဆွံ့အသွားစေသည်။သူပြုံးလိုက်သည်။ပြီးတော့မှ သှူစကားစပြောသည်။

“ငါသိပါတယ် မင်းလို့ဒီလိုအေးစက်နေရသလဲဆိုတာ။ ”
“ မင်းကိုငါလုပ်ပေးနှိုင်တာကတော့ ဒီအချိန်မှာဒါပဲရှိတယ်။”
“ဒါပေမဲ့ ငါကြိုးစားမှာပါ။”
“ငါတို့သူငယ်ချင်း ဖြစ်ပြီးနောက် မင်းကိုအရင်လိုမျိုးတဦးထဲမဟုတ် တော့ဘာဘူးကွာ။”

ကျနော့စိတ်ကိုနွေးထွေးစေသော သော်ဇင်ဆိုသောသူတဦးကို ကျနော်အင်းလျားမနက်ခင်း များနှင်.အတူအမှတ်တရရှိခဲ့သည်။ကျနော်ကတော့ မာနကြီးလှသော ကျနော့စရိုက်အတိုင်း ခတ်တည်တည်ပင် ပြောလိုက်သည်။

“ကောင်းပြီလေ မင်းကိုသူငယ်ချင်းဖြစ် လက်ခံဖို့ငါစဉ်းစားမယ်”
သူဟတ်ဟတ်ပက်ပက်ကြီးကိုရယ်မောခဲ့သည်။ကျနော်အမှတ်တရရှိခဲ့သည်မှာ သူသည်ရယ်လိုက်သောအခါ သွားတက်လေးများပေါ်လာလျင်အလွန်ကိုမှချစ်စရာကောင်းပါသည်။

....................... အခန်း(2/1) ........................................................
you needn`t seek other`s forgiveness for u love...!
မင်းအချစ်အတွက်ဘယ်သူ့ကိုမှခွင့်လွှတ်ဖို့တောင်းပန်နေစရာမလိုဘူး။

ကျနော် စိတ်ထဲမှာအင်မတန်မှတင်းကျပ်နေသည်။ သူဘာလို့ငါ့ကိုဒီလို လုပ်နေရတာလဲ။ ငါဘာမှမမှားခဲ့ပါဘူး။မေးလိုက်တာပဲကောင်းတယ်။မနက်ဖြန်ကျသူ့ကိုတွေ့ရင်မေးလိုကအအုံးမှ။ မနက်ပိုင်း ကျနော်ကျောင်းကိုစောစောသွားပြီး သူလာတဲ့လန်းကနေခပ်တည်တည်နဲ့ စောင့်နေလိုက်ပြီး သူ့ကိုမေးလိုက်သည်။

“ဟိတ်ကောင် မင်းဘာလို့ငါ့ကိုရှောင်နေတာလဲ။”

သူမျက်နှာပြက်ပြီး တော့မှကျနော့ပခုံးနှစ်ဖက်ကိုဆုတ်ကိုင်ပြီး အလောတကြီး မေးတယ်။
“မင်းငါ့ကိုအရူးလုပ်ခဲ့တာပဲ”
“ မင်းကွာ ငါမင်းကိုအရန်းခင်ခဲ့တာကို”
“မင်းကဒီမှာတစ်နှစ်ပဲနေမှာဆို”
“ငါ့ကိုမင်းမပြောခဲ့ဘူး”

ကျနော် သူ့ကိုစူးစိုက်ကြည့်ပြီး တခုပဲပြန်မေးလိုက်သည်။

“မင်းငါ့ကိုချစ်နေလို့လား။”

သူကြောင်ပြီးကျနော့ကိုငေးစိုက်ကြည့်နေသည်။သူ့မျက်နှာနီရဲသွားသည်။ ပြီးနောက်အသက်ရှုသံမြန်လာသည်။
ကျနော်သူ့ရဲ့ အငွေ့အသက်ကို နီးနီးကပ်ကပ်ခံစားလိုက်ရသည်။ ကျနော့နုတ်ခမ်းရုတ်တရက်ပူနွေးသွားသည်။
ပြီးနောက်သူရုတ်တရက် လှည့်ထွက်သွားသည်။ကျနော်ကလှန်းပြောလိုက်သည်။
ဟိတ်ကောင်သော်ဇင်ဟိန်း ငါလဲမင်းကိုချစ်နေတာကြာပြီ။
သူရပ်လှည့်ကြည့်လိုက်သည်။ပြီးနောက် ကျနော်တို့ရယ်လိုက်ကြသည်။

.................................... အခန်း(2/2)...........................................

LOVE IS ACCIDENT
အချစ်ဆိုတာ မမျှော်မှန်းပဲဖြစ်သွားသော တိုက်ဆိုင်မှူ့ပဲ။

မင်း အပြာရောင်နှင်းဆီပန်း မြင်ဖူးလား"
"ရှိလို့လား...ငါမမြင်ဖူးဘူး၊ အနက်တော့ တွေ့ဖူးတယ်"
ကျနော်က ဘာမှမပြောဘဲ ရယ်သည်။
"ဒါဆို တစ်ခုထပ်မေးမယ်၊ ငါတို့ရည်းစားဖြစ်တာ ဘယ်လောက်ရှိသွားပြီလဲ"
"တစ်နှစ်လောက် ရှိတော့မယ်လေ၊ဘာဖြစ်လို့လဲ"
"အင်း...ဟုတ်ပါတယ်၊ငါကို ပထမဆုံး စပေးတဲ့ လက်ဆောင်ကဘာလဲ မှတ်မိလား"
သူစဉ်းစားပြီး အလွယ်တကူ ဖြေလိုက်ပါသည်။
"CDခွေလေ၊ AVG Antivirus ခွေပေါ့ "
ကျနော်အသံထွက်ပြီး ထပ်ရယ်ပြန်သည်။တော်တော်နှင့် မပြီးတော့------
"ဘာရယ်တာလဲဟ....မင်းကလဲ"
"ခဏ....မင်းကို ငါ့ရဲ့လျှို ၀ှက်ကိစ္စတစ်ခု ပြောပြမယ်။ မရယ်နဲ့နော်"
"အင်းပါ"
"ငါ ငယ်ငယ်တုန်းက စိတ်ကူးယဉ်ထားတာ တစ်ခုရှိတယ်။ ငါ့ကို ချစ်ရေးဆိုလာတဲ့ လူတွေထဲက အပြာရောင်နှင်းဆီပန်းပေးတဲ့ သူကိုပဲ ရွေးချယ်မယ်လို့ပေါ့ဟာ။စိတ်ကူးယဉ်တာထက် ဆုံးဖြတ်ထားတဲ့ သဘောမျိုးပါ။ အဲ... အဲဒီ အပြာရောင်နှင်းဆီပန်းကို သတိတရရှိတုန်းပဲ------"
သူစကားကိုဖြတ်ကာ အလောတကြီး ၀င်ပြောလိုက်သည်။

"ဒါဆို ငါ့ ကို - - - - မဟုတ်သေးပါဘူးဟာ၊ခုချိန်ထိ ငါ မင်းကို ဘာပန်းမှ မပေးခဲ့ဘူးတာ"
"အေးလေ--အဲဒါကြောင့် ငါရယ်တာပေါ့။ အခု ငါချစ်သူအဖြစ် ရွေးချယ်ထားတဲ့သူက အပြာရောင်နှင်းဆီပန်းကို ပေးဖို့နေနေသာသာ ' ရှိလို့လား ' တောင်မေးသေးတယ်။ဟား------ဟား-----"
က အားရပါးရ ရယ်မောလျှက် ဆက်ပြောသည်။
"နောက်ပြီး ပထမဆုံးပေးတဲ့ ချစ်သက်လက်ဆောင်ကလည်း Antivirus CD တဲ့ ၊နီးစပ်လိုက်ပုံများ တက်တက်စင်လို့---ဟား---ဟား-----"

သူ ကျနော်နှင့်အတူလိုက် ရယ်မောမိသည်။ နောက်---ကျွန်တော် သိပါသည်။
တကယ်ဆို---အပြာရောင်နှင်းဆီပန်းက အချစ်ကိုသယ်ဆောင်လာခြင်း မဟုတ်ဘဲ အချစ်ကသာ အပြာရောင်နှင်းဆီပန်းကို သယ်ဆောင်လာခြင်း ဖြစ်ပါသည်။ ပြီးနောက်သူသက်ပြင်းတခြက်ခြလိုက်သည်။ ဘာလိုလိုနဲ့ မင်းစင်ကာပူ(SINGAPORE)ကိုပြန်ရတော့မယ်နော်။ထိုစကားကြားရပြီးနောက်သက်ပြင်းခြလိုက်သူမှာကျနော်ဖြစ်သွားသည်။

..................................အခန်း(4)...............................

Love me or hate me but don`t leave me alone.
ချစ်ရင်လဲချစ်လိုက်ပါဒါမှမဟုတ်ရင်မုန်းလိုက်ပေါ့ ဒါပေမဲ့ ငါ့ကိုတဦးထဲမထားခဲ့ပါနဲ့

ဟုတ်သည်။သူ မသိမသာ မျက်နှာပျက်လာသည်။လာပါသည်။ ဟန်မဆောင်တတ်သောသူ့ အမှူအရာများက ကျနော့ရဲစိုးရိန်ပူပန်မှူ့ကို ကြီးထွားလာစေသည်။ ကျနော်ကိုတိုင်ကလဲဟန်မဆောင်တတ်ပါ။ပွင့်ပွင့်လင်းလင်းလင်းပင်မေးလိုက်သည်။
“မင်းငါ့ကိုချစ်သေးရဲ့လား။”
သူဆွံအသွားသည်။သူ့တွင်ပြန်ပြောစရာ စကားလုံးများရှိပုံမပေါ်ပါ။ ထို့ကြောင့်ကျနော်ကပင်ဆက်ပြောလိုက်သည်။

“ဟုတ်တယ်။ငါအကုန်သိပြီးပြီ။ထားလိုက်ပါကွာ ငါကမင်းကိုငါနဲ့အတူတူ စင်ကာပူမှာလိုက်ပြီး ကျောင်းလိုက်တက်ဖို့ပြောနေတာပါ။ ”
“သော်ဇင် ဟိတ်ကောင် ငါမင်းဆီကစကားပြန်တာကို စောင့်နေတယ်နော် ”
သူ အင်းယားကန်ဘောင်ပေါ်မှနေပြီး အဝေးတနေရာကို ငေးကြည့်နေသည်။ ပြီးနောက် သူတခွန်း ထဲပြန်ပြောလိုက်သည်။

“လမ်းခွဲကြစို့။”

ကျနော့စိက်တွေလေထဲမှာမျောလွင့်သွားသည်။ ကျနော်ပြန်မေးလိုက်သည်။

“မင်းဘာကိုဆိုလိုတာလဲ .................???”
” ငါတို့လန်းခွဲကြစို့။ ဘယ်သူမှဒီလိုအချစ်မျိုးကို လက်မခံဘူး။ ငါအရန်းကို ပင်ပန်းနေပြီ။ မင်းကိုချစ်ရတာ အရန်းပင်ပန်းတယ်။ငါတို့အဆုံးသတ် လိုက်ရအောင်။”
ကျနော်တင်းသွားသည်။
“ဟိတ်ကောင်ဒီလိုတော့မပြောနဲ့။ခိုင်လုံတဲ့ reason(အကြောင်းပြခြက)် သာပေးပါ။”
“မင်းပြောတော့လွယ်လွယ်လေး။ငါ့မှာတော့အခက်အခဲတွေ အများကြီးပဲ.” ....ဟုသူကြေကွဲစကားဆိုလိုက်သည်။ကြည့်စမ်း သူလဲငါ့လိုခံစားနေရပါလား။ ကျနော်ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်မိသည်။ ကျနော်သူ့လက်ကိုဆုပ်ကိုင်လိုက် သည်။ကျနော်တို့ အဝေးတနေရာကိုမျှော်ကြည့်လိုက်ကြသည်။
“ငါ မင်းအတွက်အကောင်းဆုံး လက်ဆောင်ကို မနက်ဖြန်လေဆိပ်မှာလာပေးမယ်။ စောင့်နေပေးပါ kimpi ။”
“ငါမင်းကိုစောင့်နေမှာပါ။”

...................................... အခန်း(4/1) ...............................................


I LOVE U(မင်းကိုငါချစ်တယ်။)

ရန်ကုန် မင်ဂလာဒုံလေဆိပ်သို့ အနက်ရောင် BMW ကားတစ်စီးထိုးရပ် လိုက်သည်။ ကားပေါ်မှ အသက်လေးဆယ်ခန့် ခတ်ချောချောအမျိုးသမီး တစ်ဦးနဲ့ အသက် တစ်ဆယ်.ရှစ်နှစ်ခန့် ခပ်မိုက်မိုက်သားအမိဆင်းလာသည်။
“သားလေယာဉ်ချိန်နီးနေပြီနော်။ ”
အမျိုးသမီးကြီးကသူမသားကိုအသိပေးလိုက်သည်။
“သားသိပါတယ်မေမေ”
ဟုကောင်လေးကပြန်ပြောလိုက်သော်လဲ မျက်လုံးများကတစုံတရာကိုလိုက်ရှာနေသည်။
ထိုစဉ်ဝုန်းကနဲအသံတစ်ခုကိုကြားလိုက်ပြီး ရှေ့တွင်လူများဝိုင်းအုံနေသည်။

“သား..... ပြသနာများတယ် လေဆိပ်ထဲတန်းဝင်ရအောင်...... ဟုနှိုးဆော်လိုက်သည်။
သို့သော် ကောင်လေးက လူများစုရုံနေသောနေရာကို ပြေးသွားသည်။
ကလေးလေးကိုကားတိုက်မဲ့ဟာကို ဝင်ကယ်ရင်းဖြစ်သွား တယ်ဆိုပဲ...အမျိုးသားတစ်ဦး ကဆိုလိုက်သည်။
“ငယ်ငယ်လေးနော်...ဆေးရုံးကားမြန်မြန်ရောက်ရင်ကောင်းမယ်”ဟု အချင်းချင်းပြောကြသည်။

ကျနော့တကိုယ်လုံး ပူထူသွားစေသည်။မှန်ပါသည် သူ.ဘေးမှာ ကျနော်အင်မတန်နှစ်သက်လှသော အပြာရောင်နှင်းဆီပုံပါသော တီရှပ်ကလေး ပြီးနောက် ငိုနေသောကလေးငယ် တစ်ဦး။ ကျနော်ဘာလုပ်ရမလဲ။ ဆေးရုံကားမြန်မြန်ခေါ်ကြပါ။ကျနော်အရူးတစ်ဦးလိုအော်ဟစ်လိုက်သည်။ထိုစဉ် သူ့မျက်လုံးလေးများရုက်တရက် ညင်သာစွာပွင့်လာပြီး သူကျနော့လက်ကိုလာဆုပ်ကိုင်သည်။ နုတ်ခမ်းက အားယူရင်းစကားဆိုလိုက်သည်။

“ i love u”

ပြီးနောက်သူ လည်စဉ်းကြသွားသည်။ ဆေးရုံကားမြန်မြန်ခေါ်ကြပါ။ ဆေးရုံကားမြန်မြန်ခေါ်ကြပါ။ကျနော့မျက်လုံးများလဲမျက်ရည်များကြောင်.ဝေဝါးလာသည်။ သူမှလွဲပြီး ဘေးမှစိုးရိန်တကြီးရပ်နေသောမေမေ ငိုနေသောကလေးငယ် စသည်ဖြင့် အရာအားလုံးကိုမေ့သွားသည်။ ဒါဟာတကယ်လား။ သူတကယ်ကော ထွက်သွားတာ လား။ ကျနော်.ကိုအကောင်းဆုံးလက်ဆောင်ကို ပေးခဲ့တာလား။ကျနော် အရူးတယောက်လို ကလေးတယောက်လို ငိုခဲ့ပါသည်။

...................................................... အခန်း(4/2) .....................................
You are a part of my life
(သင်သည် ဘဝရဲ့တစိတ်တပိုင်းဖြစ်သည်။)

မနက်ခင်းတခုသည် ညိမ်သက်စွာဖြစ်တည်နေသည်။ အထိန်းအမှတ်တစ်ခုဖြစ်သော မှတ်တိုင်တခုရှေ့တွင် လူများညိမ်သက်စွာ ရပ်နေကြသည်။ ထို့နောက်လူစုကနဲ လာသည်။ နောက်ဆုံကလေးငယ်တစ်ဦး လူငယ်တဦးသာကျန်ရစ်ခဲ့သည်။
ဦးဦး ဒါကဦးရဲ့ တီရှပ်ကလေး ဖြစ်မယ်ထင်တယ်....ဟုလူငယ်ကတီရှပ်ကလေး တစ်ထည်ကိုကန်းပေးပြီးမေးလိုက်သည်။

ဦး မှာ သူပေးသွားတဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုရပြီးသားပါ ဒီတီရှပ်ကလေးကဦးသူ့ကိုထားခဲ့ပေးမှာ။

ကလေးငယ်ကလူငယ်ကိုနားလည်ရခက်ခဲပုံဖြင့်ကြည့်လိုက်သည်။ လူငယ်က ကလေးငယ်ကိုတချက်ညှင်သာစွာဖြင့် ပြုံးပြလိုက်သည်။ပြီးနောက် နောက်လှည့်ထွက်သွားသည်။ကလေးငယ်က လှမ်းမေးလိုက်သည်။

“ဦးဦး မြန်မာပြည်ကို ပြန်လာအုံးမှာလားဟင်.....”
ကောင်လေးက ပြန်မလှည့်ကြည့်ပဲ တခုပင်ပြန်ပြောလိုက်သည်။
“တနေ့နေ့ပေါ့သားရယ်”
ထို့နောက် တခြက်မှပြန်မ ပြန်မလှည့်ကြည့်ပဲ ကားမောင်းသွားသည်။ ကလေးငယ်ကလဲ နားလည်ရခက်စွာဖြင့် သူ့မိသားစုစောင့်နေရာသို့ ပြန်သွားသည်။မနက်ခင်းကတော့ ညိမ်သက်စွာကျန်ရစ်လို့။

x x x

ငါ့ကိုငါ နားမလည်တာ I MY SELF NOT UNDERSTAND

ငါ့ကိုငါ စိုးရွံ.တာ I MY SELF AFRAID

ငါ့ကိုငါ မုန်းတီးတာ I MY SELF HATE

ဒါတွေအားလုံးရဲ့ဆန်.ကျင်ဘက် THOSE THINGS ARE OPPOSITE

ငါမင်းကို သိတ်ချစ်တာ I LOVE YOU SO MUCH
tarkarshi.sarko@gmail.com

အစွန့်အပြစ်ခံကမ်းခြေပေါ်က ချစ်တတ်သွားတဲ့ ခရုခွံ


အခန်း(1 )

ကျနော် ဟုတ်လား ကျနော်ကိုယ်တိုင်ကကော သိပ်တော့မထူးခြားလှပါဘူး ဗျာ။လှိုင်းတွေရဲ့ သယ်ဆောင်မှူ့ကြောင်. ဒီအစွန့်အပြစ်ခံကမ်းခြေပေါ် မျက်စိလည်ပြီးလမ်းမှားပြီး လာသောင်တင်တယ် ဆိုပါစို့။
အဲ့ဒီနောက်တော့ ကျနော်ဟာ ဒီအစွန့်အပြစ်ခံကမ်းခြေပေါ်က သာမန်မထူးခြားလှတဲ့ ခရုခွံလေးတခုပါပဲ။ဘဝကိုလည်း သာမန်ရိုးသားစွာဖြတ်သန်းရင်း နဲ့ပေါ့။။ထူးခြားတာလေးဆိုလို့ တခြားသောခရုခွံလေးတွေနဲမတူပဲ သေးငယ်ပြီး အဖြူရောင်စွတ်စွတ်ရှိတာပဲ ကွာတာပါဗျာ။
တခြားသော အရောင်စုံ ခရုခွံတွေကြားထဲမှာတော့ မျက်နှာငယ်မိပါရဲ့။ ဒီလိုနဲ့နေ့ရက်များစွာကို အထီးကျန်စွာ အဖော်မဲ့စွာ နာကျင်စွာနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ဩ တစ်ဦးတည်းဖြစ်တာနဲ့ အထီးကျန်တာဟာ တသီးတခြားဆီပါလို့လည်း အော်နေမိတယ်။ဒါဆို ဒီအော်ဟစ်သံတွေကို ဘုရားသခင်ကကြားလို့ ဒီဟာတာတာဖြစ်နေတဲ့ ရင်ခွင်ငယ်အတွက် တစ်ဆုံတစ်ဦးကို ဖန်ဆင်းပေးလိုက်တာလား။
သေချာတာကတော့ ကျနော့လိုအဖြူရောင်ခရုခွံလေးတခုအတွက် သူဟာတော့ အမှတ်တရပါ။

အခန်း(1/1 )
မိုးတွေသဲကြီးမဲကြီးကြနေတဲ့ တခုတည်းသော ညနေစောင်းတခုမှာပေါ့ အစွန့်ပြစ်ခံကမ်းခြေဟာ အစွန့်ပြစ်ခံရသူတို့ရဲ့ ထုံးစံအတိုင်း စောက်တည်ရာမဲ့စွာ ငိုကြွေးနေပါတယ်။ ဒီ ဘေးပတ်ဝန်ီးကျင်တောင် မမြင်နှိုင်အောင် မိုးတွေက အညှိုးကြီးစွာကြနေတုန်း ကြနော့ရှေ့ကို သနားစရာကောင်းလွန်းတဲ့ ဝင်ကစွပ်ကောင်လေးဟာမိုးနဲ့အတူရောက်လာပါတယ်။မိုးနဲ့အတူရောက်လာလို့ မင်းကိုလည်း အေးချမ်းတယ်လို့ပဲ ငါမှတ်ထားပါရစေဝင်ကစွပ်ကောင်လေးရယ်။ ကျနော်ကလည်း လိုလိုလားလားပါပဲ လိုအပ်နေသူတဦးအတွက် ကျနော့ရဲ့ရင်ခွင်တံခါးကိုဖွင့်ပေး လိုက်ပါတယ်။

သူဟာလည်း ရင်ခွင်ထဲမှာလိုလိုလားလားနဲ့မှေးဝင်အိပ်စက်လာလို့ပေါ့။ ဒါဟာအချစ်လား ။ ဒါဟာအချစ်ပါလို့ ပြောလာရင်တော့ ဟုတ်ကဲ့ ကျနော် တခဏအတွင်း ချစ်သွားပါတယ်။

အခန်း(1/2 )
ဒီလိုနဲ့ ဝင်ကစွပ်ကောင်လေးဟာ ကျနော့ရဲ့ရင်ခွင်ထဲမှာ ကျနော်ပေးတဲ့အချစ်တွေနဲ့ နေလာခဲ့တာအချိန်အတိုင်းတာတခု ကြာခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း အချစ်ဦးမို့လားမသိဘူး အရူးအမူးပါပဲဗျာ။ သူဟာကျနော့အတွက် ဖြည့်စည်းရာတခုဖြစ်ခဲ့တော့ ရင်ခွင်ဟာအရင်လို ဟာမနေတော့ပါဘူးဗျာ။အချိန်တွေကြာလာတာနဲ့ ဝင်ကစွပ်ကောင်လေးဟာ အချိန်တန်လို့ ခိုလှုံစရာဖြစ်တဲ့ ကျနော့ရင်ခွင်ဆီပြန်လာတိုင်း သက်ပြင်းတွေခြတတ်လာပါတယ်။

ကျနော်ကတော့ အလိုက်ကန်းဆိုးမသိ ပျော်လို့ပေါ့။တနေ့မှာ ရှင်းရှင်းပြောရရင် တခုသောညနေခင်းမှာပေါ့ ဝင်ကစွပ်ကောင်လေးဟာ ကျနော့ရဲ့ရှေ့မှာရပ်လိုက်တယ်။ ပြီးတော့ ကျနော်ဟာအဆမတန်ကြီးထွားလာပြီမို့ ခင်ဗျားရင်ခွင်နဲ့ မဆန်.တော့ဘူးတဲ့ ။ကျနော် ရုပ်တရက်မို့ ကြောင်သွားသည်။ ဆိုလိုသည်မှာ သူဟာပိုပြီးကြီးကျယ်ခမ်းနားသော ရင်ခွင်တခုလိုအပ်နေပြီပေါ့။ ကျနော်သိလိုက်ပါပြီ တကယ်တော့ ကျနော်ဟာ အဖြူရောင်ခရုခွံလေးတခုသာဆိုတာပေါ့။

အခန်း(1/3 )
ဝင်ကစွပ်ကောင်လေးဟာ ညှင်သာသောအနမ်းတခုပေးပြီး ဒီအစွန့်အပြစ်ခံကမ်းခြေပေါ်မှာ ကျနော့ကို စွန့်ပြစ်သွားပါတယ်။ ကျနော်ဟာ အခုဆို ဟာတာတာရင်ခွင်နဲ့ ကိုကိုယ်တိုင်ဟာ ခရုခွံလေးတခုသာဖြစ်တယ်ဆိုတဲ့ အဖြစ်ကိုမေ့လို့ ငိုကြွေးပြီးလှမ်းခေါ်တာတောင်မကြားပဲ သူဟာအဝေးကိုထွက်သွားပါတယ်။ အေးလေ ကျနော်ကြားဖူးတဲ့ပုံပြင်တွေထဲမှာ ဘယ်ခရုခွံနဲ့ ဝင်ကစွပ်ကောင်ဟာ ညားဖူးလို့လည်း။ ကျနော် ခွင့်ပြုလိုက်ပါတယ်။ ဒီလိုနဲ့ တစ်ဦးတည်း ဒီအစွန့်ပြစ်ခံကမ်းခြေ ပေါ်မှာ ဝင်ကစွပ်ကောင်လေးရဲ့ စွန့်ပြစ်ခြင်းကို ကုစားရင်း ကျနော်နောက်ဆုံးမှာ ကျနော်တခါပြန်လည် ပြုံးနှိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ရင်ခွင်ကတော့ ဟာတာတာနဲ့ပေါ့ သေချာသည်မှာတော့ မဖြစ်နှိုင်သောဘဝတွင် ဝင်ကစွပ်ကောင်လေးကို တခါပြန်၍ မထွေးပွေ့လိုတော့ပါ။အဘယ့်ကြောင့်ဆိုသော် ကျနော့ရင်ခွင်သည်သူ့အတွက် လုံခြုံမှူ့မပေးနှိုင်တော့သော့်ကြောင့်လည်ကောင်း ကျနော့ရင်ခွင်တွင်း ဝင်ကစွပ်ကောင်လေးတိုးဝင်အိပ်တိုင်း သူကိုယ်တိုင် နာကျင်ရသည့်အပြင် ထိုအဖြစ်ကို မြင်တွေ့ရသည့် ကျနော်လည်း ကိုယ့်ဟာကိုယ်ပြန်ပြီးနာကျင်ခံစားရသည်ပဲလေ။ဘဝကိုပျော်ပျော်နေဖို့ အောက်ဆီဂျင်ချည်း ရွေးပြီးယူလို့ ရလို့လား၊ ဒီလိုဆို ဘယ်တရားမလည်း။ကျနော်ဟာ အရှိအတိုင်းသာ လက်ခံတတ်လာပါပြီ။
အခန်း(2/1 )
ဒီလိုနဲ့ အချိန်တွေဟာကြာလာခဲ့ပါတယ်။ တနေ့မှာပေါ့ ရှင်းရှင်းပြောရရင် လှပတဲ့ ညနေခင်းတခုမှာပေါ့။ ဒီအစွန့်အပြစ်ခံကမ်းခြေဟာ အစွန့်ပြစ်ခံရသည်ဟု မယုံကြည်နှိုင်ဖွယ်ရာပင် လှပနေပါသည်။ အေးလေ လောကကြီးတွင် အရမ်းကို ကြီးကျယ်ခမ်းနားလျှင်သော်လည်းကောင်း သို့မဟုပ် သေးနုတ်လွန်းလျှင်သော်လည်းကောင်း အစွန့်ပြစ်ခံရနှိုင်သည်ပဲလေ။ကိုယ့်ဟာကိုယ် သာမာန်ခရုခွံလေးတခုသာဖြစ်တယ် ဆိုတာကိုမေ့ပြီး အတွေးများစွာနှင့် မျှောလွင့်နေတုန်း ကျနော့ရှေ့ကို အင်မတန်မှ ဖြူစင်သော ခြေတစုံလာရပ်ပါတယ်။

ကျနော်ကြည့်လိုက်တော့ အဖြူရောင်ရှပ်ကလေးကို ကြယ်သီးများကို ဖွင့်ထားပြီး အပြာဖြော့ရောင် ဂျင်းဘောင်းဘီဖြင့် အညိုရောင်မျက်လုံးများကိုပိုင်ဆိုင်သော သူ့ကိုစတင်တွေ့ရှိ လိုက်ပါတယ်။

အခန်း(2/2 )
သူဟာ ထူးဆန်းစွာပဲ တခြားရွေးခြယ်စရာ ခရုခွံတွေကြားထဲမှာမှ ကျနော့ကို အမြတ်တနိုး ရွေးခြယ်ပြီး သူ့ရဲ့ လည်တိုင်မှာ ဆွဲလိုက်တယ်။ ကျနော့ကို အိမ်ကိုသယ်ဆောင်သွားပါတယ်။ နောက်ပိုင်းသိလာရတာက သူဟာ အင်မတန်ကိုမှ ထိခိုက်နာကျင်လွယ်သူပဲဆိုတာလေ။ ကျနော် စိတ်ပူမိပါတယ် လောကကြီးဟာ သာမာန်ခရုခွံလေးတခုသာဖြစ်တဲ့ ကျနော့အတွက်တောင် ဒီလိုခက်ခဲနေရင် လူသားတဦး ဖြစ်တဲ့ သူ့အတွက်ဆိုရင်တော့။ ဝန်ခံပါတယ် ကျနော့လို သာမာန် ခရုခွံလေးတခုကို အမြတ်တနိုး ရွေးခြယ်ပြီး လည်တိုင်မှာ ဆွဲရဲတဲ့ သူ့ကိုလေ ပြီးတော့ သူဟာ ပန်းချီဆွဲရင် ကျနော့ကို မော်ဒယ်အဖြစ်လည်းကောင်း နာကျင်စရာတွေနဲ့ ကြုံတွေ့တိုင်း လည်း လူသားတစ်ဦးလို ရင်ဖွင့်တတ်သေးရဲ့။သူ့ရဲ့ အတွေ့အထိတွေကြား ကျနော်ပြိုဆင်းကြသွား ပြန်ပြီဗျာ။

သူ့ရင်ခွင်ထဲနေရတဲ့ ကျနော့ဘဝလေးဟာ လုံခြုံလှပြီလို့ ထင်မိပါတယ်။ဟုတ်တယ် ကျနော်ဘဝမေ့သွားတယ်။ ဘယ်လိုမျိုးလည်းဆိုတော့ ကိုယ့်ဟာကိုယ် သာမာန်ခရုခွံလေးတခုသာဖြစ်တယ်ဆိုတာ မေ့ပြီး သူ့ရဲ့လက်မှာပတ်ထားပြီး သူဂရုတစိုက်ရှိတဲ့ CASIOနာရီလေးကိုတောင် မနာလိုဖြစ်မိတာအကြိမ်ကြိမ်ပဲ။ပြီးတော့ သူဟာ ပန်းချီဆရာပီသစွာ ကျနော့ကို သူ့စိတ်ကြိုက်အရောင်တွေလေ့ရှိပြီး ကျနော်ဆိုတာကလည်း နှစ်နှစ်ကာကာကို မြတ်နိုးမိပါရဲ့။

အရောင်တွေခြယ်ပြီးတိုင်းလည်း သူဟာ မှားသွားပြီဆိုပြီး ကလေးသူငယ်တစ်ဦးလို ငိုတတ်တယ်။ ဒါပေမဲ့ ချစ်သူရယ် ကျနော်လည်း ခင်ဗျားပျော်ရင်ပျော်ခဲ့တာပဲမဟုတ်လား ကျနော့ရဲ့ ဆုံးရှုံးသွားတဲ့ ဖြူစင်ခြင်းတွေအတွက် ခင်ဗျားကိုအပြစ်မတင်ပါဘူးဗျာ။ ခင်ဗျားရှိနေသရွေ့ကျနော်ပျော်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ကို အဆိုးရွားဆုံး လွမ်းဆွတ်ရခြင်းဟာ သူ့ဘေးနားမှာ ထိုင်နေရင်းနဲ့ သူ့ကို ဘယ်တော့မှ မပိုင်ဆိုင်နိုင်ဘူးဆိုတာ သိနေရခြင်းပါပဲ . . .

အခန်း(2/3 )
တနေ့မှာပေါ့ သေချာပြောရရင် ရင်ခွင်ထဲကနေ ခွဲခွါရတဲ့နေ့လို့ပဲ ပြောပါဆို့နော်။ ချစ်သူရဲ့ ချစ်ရဆုံးသောချစ်သူဟာ အဝေးတနေရာကနေ ချစ်သူဆီကို ပြန်လာပါတယ်။ ချစ်သူဟာအရင်ကလို ကျနော့ကို စကားတွေမပြောနှိုင်တော့ပေမဲ့ အရင်လိုပဲ အမြတ်တနိုး လည်တိုင်မှာဆွဲပြီး ရင်ခွင်ထဲနေရတဲ့လူမသိသူမသိအဖြစ်နဲ့လည်း ကျနော်ပျော်ပါတယ်ဗျာ။သူချစ်တဲ့သူမကိုလည်း ကျနော်ကချစ်နှိုင်ရမှာပေါ့ဗျာ။

သူမကတော့ မလိုတမာမျက်လုံးတွေနဲ့ ကြည့်လို့။ တနေ့တော့ချစ်ရတဲ့သူဟာ သူ့ချစ်သူလက်ကလေးကို ကိုင်လို့ အစွန့်ပြစ်ခံကမ်းခြေပေါ်မှာ လမ်းရှောက်နေတုန်း ကျနော်အမှတ်မထင် ချစ်သူ့ရင်ခွင်ထဲကနေ ပြုတ်ကြသွားတယ်ဗျာ။ရှင်းရှင်းပြောရရင် ရင်ခွင်မဲ့တဲ့နေ့ပေါ့ဗျာ။ ချစ်သူအရမ်းချစ်ရတဲ့ကောင်မလေးကလည်းဗျာ ကျနော့အဖြစ်ကိုမြင်ပေမဲ့မသိခြင်ယောင်ဆောင်လို့။ သူမဟာ ကျနော့ကိုမနာလိုဖြစ်နေမှန်း ရုတ်တရက်သိလိုက်ရတယ်။ သူမဟာ ပြုံးလှလှတခုကို ဖန်ဆင်းပြီး ချစ်သူကိုထပ်မံပြူစားလိုက်ပြန်တယ်။
ချစ်သူဟာ ကျနော်ကျန်နေရစ်ပြီဆိုတာတောင်မေ့လို့ပေါ့။ ကျနော်လား ကျနော်ဟာလည်း ငိုရပြန်ပြီပေါ့။ ဒီလိုနဲ့ ချစ်သူ့ရင်ခွင်လို မနွေးထွေးတဲ့ ဒီပင်လယ်ကမ်းခြေမှာ တခါကျန်ရစ်ပြန်ပြီလေ။ကျနော်လေဒီကမ်းခြေကနေထွက်သွားတဲ့ ချစ်သူဟာ ပြန်လာမလားလို့ စောင့်နေတာဟာ တညလုံးပဲ။ ဒီလိုနဲ့မနက်လင်းလုအချိန်လေးမှာ ချစ်သူအမောတကြီးပြေးလာရှာပါတယ်။ သူပြန်လာရှာတယ် ဆိုတဲ့အသိကပဲ ကျနော့ကိုပျော်ရွှင်စေပါတယ်။သူဟာအမောတကြီးနဲ့ ဒီကမ်းခြေကြီးတခုလုံးမှာ ကျနော့ကိုလိုက်ရှာနေတာလေ ကျနော်အရမ်းကိုရင်တွေခုန်နေတယ်ဗျာ။

ကျနော်ဆုတွေလည်းတောင်းလို့ပေါ့။ ဒါပေမဲ့ဗျာ ဒီကျယ်ပြောလှတဲ့ ကမ်းခြေတခုလုံးမှာ ကျနော့လိုသေးငယ်လှတဲ့ ခရုခွံကလေးတခုကို သူဘယ်လိုရှာတွေ့နှိုင်မလည်းဗျာ။ သူခြေကုန်လက်ပန်းကြနေပါပြီ ဒါပေမဲ့ သူ့ရဲ့လက်တွေဟာ ပွန်းပဲ့လို့သွေးအလိမ်းလိမ်းနဲ့ပေါ့။ ကျနော် မကြည့်ရက်ပါဘူးဗျာ။ ခရုခွံတစ်ခုအတွက် ဒီလိုလုပ်ပေးစရာလိုလို့လား။ တန်ရောတန်လို့လားကွယ်။ ဒါပေမဲ့ အသံဆိုတာကိုထုပ်ဖော်ခွင့်မရှိတဲ့ ခရုခွံကလေးတခုမို့ ဘာမှမတတ်နှိုင်ခဲ့ပါဘူးလေ။ နောက်ဆုံး သူ့ရဲ့အညိုရောင်မျက်လုံးမှာ မျက်ရည်တွေနဲ့ဖုံးကွယ်သွားပြီး အနောက်ကနေ သူ့ကိုစိုးရိန်တကြီးကြည့်နေတဲ့ သူမှရဲ့ရင်ခွင်ထဲမှာ ကလေးလေးတဦးလိုရှိုက်ကြီးတငင်နဲ့ငိုနေပါတယ်။ အဲ့ဒီမှာပဲ သူမရဲ့သူ့အပေါ်ထားတဲ့ အချစ်တွေကိုနားလည်မိသွားပါသည်။သူမဟာ အရူးတဦးလိုဖြစ်နေတဲ့သူ့ကို မယုံကြည်စွာကြည့်နေသည်။ပြီးနောက် တွေဝေနေသည်။

နောက်ဆုံးတွင် သူမ မကြည့်ရက်တော့ပါ ဆုံးဖြတ်ချက်တခုကို ခိုင်မာစွာခြလိုက်သည်။ သူမဟာ သူ့ရဲ့စွဲလန်းမှူ့တွေကိုမြင်တွေ့ပြီးနောက် သူမကိုယ်တိုင် သူနဲ့အတူ လိုက်ရှာပေးပါသည်။ဪ သူမဟာ သူ့အပေါ်ကို တကယ်ချစ်ခဲ့တာပဲ။ သိပ်ချစ်ခဲ့လို့ပဲ သူမအမြဲမနာလိုဖြစ်ပြီးမုန်းတဲ့ကျနော့ကိုတောင် သူနဲ့အတူလိုက်ရှာပေးလို့။ အချစ်ဆိုတာဘာလည်းနားလည်သွားတဲ့နောက် ကျနော် တခုသာဆုတောင်းမိတယ်ဗျာ ။ နောက်ဆုံးတော့ ကျနော့ကိုယ်သူတို့ မတွေ့ခဲ့ပါဘူးဗျာ။ ဝင်ခါနီးနေလုံးကြီးကိုယ် ကျောပေးပြီး ပြန်သွားတဲ့သူတို့အတွဲလေးကို ကျနော် မျက်ရည်တွေကြားကနေပဲ မြင်လိုက်ပါသည်။ ဆုတောင်းပြည့်ခဲ့သည်ပဲလေ။ဟုတ်ပါသည် ကျနော်ဆုတောင်းပြည့်ခဲ့ပါသည်။

အခန်း(3/1)

ထိုသို့ဖြစ်ပြက်ပြီးနောက် ကျနော် ချစ်တတ်သွားပါသည်။ ကျနော်ပြန်လည်စဉ်းစားမိတော့ တကယ်တော့ ဝင်ကစွပ်ကောင်လေးအတွက် အချစ်ဆိုတာ သဲသောင်ပြင်ပေါ်က ခမ်းနားဆန်းကြယ်တဲ့ ရဲတိုက်တစ်ခုပါ.. လိုချင်ရင် လိုအပ်သလို အလွယ်တကူပုံဖော်ဖန်တီးနိုင်ပြီး.. ဘာမဟုတ်တဲ့ ရေစက်ကလေးတစ်ခုအတွက်နဲ့လည်း ပျက်စီးပြိုလဲ ပစ်နိုင်တယ်လေ..။ ချစ်ရတဲ့ လူသားအတွက်တော့ရော သေခြာတာက ဝင်ကစွပ်ကောင်လေး မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကလည်း ငါ့အချစ်ဆိုတာတွေကို တန်ဖိုးမထားတတ်ခဲ့တော့ ရူးရပြီပေါ့..။ သိပ်ချစ်ပါတယ် လူသားရယ်။ ဒီအတွက် ငါလုပ်ပေးနှိုင်တာက ဒီအစွန့်အပြစ်ခံကမ်းခြေပေါ်မှာပဲ နေခဲ့ပါရစေ ....ကျနော့ဘဝဟာအေးချမ်းစွာငြိမ်သက်သွားပါတယ်။

အခန်း(3/2)

ဒီလိုနဲ့အချိန်ကာလတွေကို အတိုင်းအဆမရှိကျော်လာတော့ ကျနော်ဟာလှပတဲ့ ကျောက်ခရုခွံလေးတစ်ခုအဖြစ်ပြောင်းလည်းခဲ့ပါတယ်။ ဒီလိုနဲ့ တနေ့အာရုံတက်ချိန်မှာ တေးသီချင်းတစ်ပုဒ်ကို အမှတ်မထင်ကြားလိုက်တယ်။ ငှက်ကလေးတစ်ကောင်ဆီကပါ သေချာပြောရရင် သေးငယ်ပြီး အင်မတန်မှ ချစ်စရာကောင်းလှတဲ့ စာဝါငှက်ကလေး တစ်ကောင်ဆီကပေါ့ ။ အမှတ်မထင်ပါပဲ ကျောက်သားတွေဟာ နွေးထွေးတဲ့သူ့ရဲ့တေးသီချင်းအောက်မှာ ကြွေကြသွားပြန်ပြီ။ ဪ ငါဟာ ခရုခွံလေးတစ်ခု ဆိုတာငါ မေ့မသွားဖို့လိုမယ်လို့ ကိုယ့်ဟာကို ပြန်ပြောလိုက်မိတယ်။ငှက်ကလေးဟာ သာမာန်ခရုခွံလေးတွေနဲ့ ကွာခြားတဲ့ ကျနော့ရဲ့ပုံစံအောက်မှာ ပြူ့စားခြင်းခံရသူလို အရူးအမူးကိုတွယ်ညိသွားပါတယ်။

ကျနော်သူ့ကို မပြူ့စားခဲ့ပါ။စာဝါငှက်ကလေးဟာ အချစ်သီချင်းတွေကို အရူးအမူးသီကြွေးလို့ ။ကျနော် သက်ပြင်းတွေခြမိပြန်ပါပြီ။ အင်း ဒီတခါရော ဘယ်လိုဖြစ်အုံးမလည်း။သေခြာတာကတော့ ကျနော့အတွက် ဘယ်သူ့ကိုမှမနာကျင်စေလိုတော့ပါ။ဒါဆို ကျနော့ကြမှ နာကျင်နေရတာလည်း။ ကျနော်ဟာ ခရုခွံလေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်လား ။မသိတော့ပါဘူးဗျာ။ဒါပေမဲ့ ဒီအချစ်ရူးငှက်ကလေးကတော့ ကျနော့အနားမှာအချစ်တေးတွေကို သီကြွေးနေတုန်း...............................................................
tarkarshi.sarko@gmail.com

Family Portrait(မိသားစု သရုပ်ဖော်ခြင်း)


Aah aah [Incomprehensible]
Aah aah [Incomprehensible]
Ohh ohh ohh ohh
Yeah yeah, yeah yeah yeah

Mama please stop cryin'
ငိုနေတာတွေကို ရပ်လိုက်ပါတော့ မေမေရယ်
I can't stand the sound
ကျနော် မခံစားနှိုင်တော့လို့ပါ
Your pain is painful And it's tearin' me down
မေမေရဲ့ နာကျင်ခြင်းတွေက ကျနော့ကို ကြေကွဲပြီး မျက်ရည်ကြစေလို့ပါ။

I hear glasses breakin'
As I sit up in my bed
အိပ်ယာပေါ်မှာထိုင်နေတုန်းမှာပဲ ဖန်ခွက်ကွဲသံကို ကျနော်ကြားလိုက်မိတယ်။
I told Dad you didn't mean
Those nasty things you said
ဖေဖေဟာ မေမေပြောသလို မနှစ်မြိုဖွယ်ရာလူမဟုတ်ပါဘူး မေမေရယ်။
You fight about money
မေမေဟာ ပိုက်ဆံအတွက်နဲ့ရုန်းကန်နေချိန်မှာ
'Bout me and my brother
ကိုကိုနဲ့ကျနော်အတွက်ကကော
And this I come home to This is my shelter
်ဒီအိမ်ကလေးကသာ ကျနော့အတွက် အကာအကွယ်ပါပဲ။


It ain't easy, growin' up in World War III
ဒီလိုအခြေအနေဟာ တတိယကမ္မာ္ဘစစ်ကြီးထဲမှာ ကြီးပြင်းသလိုပဲ အဆင်မပြေလှဘူး
Never knowin' what love could be
အချစ်ဆိုတာဘာလည်း မသိနှိုင်သလို
You'll see, I don't want love to destroy me Like it has done my family
ပြီးတော့ ကျနော်တို့မိသားစုမှာဖြစ်ပျက်နေသလို အချစ်ကကျနော့ကို ဖျက်စီးမှာလည်း ကျနော်မလိုလားဘူး မေမေရယ်။


Can we work it out?
ကျနော်တို့ မိသားစုဟော ဆက်လက်မဖြစ်တည်နှိုင်တော့ဘူးလား။
Can we be a family?
ကျနော်တို့ အတူတူနေကြမယ်လေ
I promise I'll be better
ကျနော် ပိုပြီးလိမ်လိမ်မာမာနေမယ်လို့ ကတိပေးသလို
Mommy, I'll do anything
ကျနော် အားလုံးကို လုပ်ရဲပါတယ် မေမေရယ်
(I'll do anything)
Can we work it out?
ကျနော်တို့ မိသားစုဟော ဆက်လက်မဖြစ် နှိုင်တော့ဘူးလား။
Can we be a family?
ကျနော်တို့ အတူတူနေကြမယ်လေ
I promise I'll be better
ကျနော် ပိုပြီးကောင်းအောင်နေမယ်လို့ ကတိပေးပါတယ်
Daddy, please don't leave
ဖေဖေရယ် ခွဲမသွားပါနဲ့။

Daddy please stop yelling
အော်ဟစ်တာတွေကို ရပ်ပေးပါ ဖေဖေရယ်
I can't stand the sound
ဒီဆူပူအော်ဟစ်သံတွေကို ကျနော် လုံးဝခံနှိုင်ရည်မရှိတော့လို့ပါ
Make Mama stop cryin' 'Cause I need you around
မေမေငိုနေတာတွေကို ရပ်တန့်ပေးဖို့အတွက် ဖေဖေအနီးအနားမှာရှိဖို့ လိုအပ်နေလို့ပါ။
My mama, she loves you
မေမေကခင်ဗျားကို အရမ်းချစ်ပါတယ်
(I know it)
ဒါကို ကျနော်လည်းသိပါရဲ့
No matter what she says is true
သူမဘာတွေပဲပြောခဲ့ပြောခဲ့ ဒါကအမှန်ပါပဲ
I know that she hurts you
မေမေက ဖေဖေကိုနာကျင်အောင်လုပ်မိမှန်းသိပါရဲ့
But remember I love you too
ဒါပေမဲ့ ကျနော် ဖေဖေ့ကိုအရမ်းချစ်တယ်ဆိုတာ သတိရပေးပါဗျာ

I ran away today
ဒီနေ့ အိမ်နဲ့အဝေးဆုံးကို ပြေးတယ်
Ran from the noise, ran away
ဒီ ရန်ဖြစ်သံတွေနဲ့အဝေးတကာ့အဝေးဆုံးကိုပေါ့။
Don't wanna go back to that place
အိမ်ကို လုံးဝပြန်မလာခြင်တော့ပေမဲ့
But don't have no choice, no way
ရွေးခြယ်စရာမရှိသလို တခြားသွားစရာလည်း မရှိခဲ့ဘူးလေ။

It ain't easy, growin' up in World War III
ဒီလိုအခြေအနေဟာ တတိယကမ္မာ္ဘစစ်ကြီးထဲမှာ ကြီးပြင်းသလိုပဲ အဆင်မပြေလှဘူး
Never knowin' what love could be
အချစ်ဆိုတာဘာလည်း မသိနှိုင်သလို
You'll see, I don't want love to destroy me Like it has done my family
ပြီးတော့ ကျနော်တို့မိသားစုမှာဖြစ်ပျက်နေသလို အချစ်ကကျနော့ကို ဖျက်စီးမှာလည်း ကျနော်မလိုလားဘူး မေမေရယ်။

Can we work it out?
ကျနော်တို့ မိသားစုဟော ဆက်လက်မဖြစ်တည်နှိုင်တော့ဘူးလား။
Can we be a family?
ကျနော်တို့ အတူတူနေကြမယ်လေ
I promise I'll be better
ကျနော် ပိုပြီးလိမ်လိမ်မာမာနေမယ်လို့ ကတိပေးသလို
Mommy, I'll do anything
(To keep you better)
မေမေကို စောင့်ရှောက်ဖို့ဆိုရင် အားလုံးကိုလုပ်ပါ့မယ်။

Can we work it out?
ကျနော်တို့ မိသားစုဟော ဆက်လက်မဖြစ်တည်နှိုင်တော့ဘူးလား။
Can we be a family?
ကျနော်တို့ အတူတူနေကြမယ်လေ
I promise I'll be better
ကျနော် ပိုပြီးလိမ်လိမ်မာမာနေမယ်လို့ ကတိပေးသလို
Mommy, I'll do anything
ကျနော် အားလုံးကို လုပ်ရဲပါတယ် မေမေရယ်
(I'll do anything)

Can we work it out?
ကျနော်တို့ မိသားစုဟော ဆက်လက်မဖြစ် နှိုင်တော့ဘူးလား။
Can we be a family?
ကျနော်တို့ အတူတူနေကြမယ်လေ
I promise I'll be better
ကျနော် ပိုပြီးကောင်းအောင်နေမယ်လို့ ကတိပေးပါတယ်
Daddy, please don't leave
ဖေဖေရယ် ခွဲမသွားပါနဲ့။
(I promise, I promise)
ကျနော်ကတိပေးပါတယ်။
Daddy, please don't leave
ဖေဖေရယ် ခွဲမသွားပါနဲ့။
(Stay)ရှိနေပေးပါ

In our family portrait
ကျနော်တို့ မိသားစုရဲ့သရုပ်ဖော်ခြင်းမှာ
We look pretty happy
ကျနော်တို့ပုံက ပျော်ရွှင်နေဟန်ပေါ့
Let's play pretend
ချစ်ချစ်ခင်ခင်နဲ့ ကျီစားနေသလိုလေးပေါ့
Let's act like it comes naturally
တို့တတွေ အားလုံးဟာပုံမှန်အခြေအနေလေးလိုပဲ ဟန်ဆောင်နေထိုင်ရအောင်လား
(That's right)2
ဒါအမှန်ပါပဲ
I don't wanna have to split the holidays
အားလပ်ရက်တွေမှာ တကွဲတပြားစီဖြစ်မနေခြင်သလို
I don't want two addresses
လိပ်စာနှစ်ခုကိုလည်း မလိုခြင်ပါဘူး
I don't want a stepbrother anyways
နောက်ထပ်အဖေတစ်ယောက်ကို ဘယ်လိုနည်းနဲ့မှမလိုခြင်သလို
And I don't want my Mommy
Have to change her last name!
မေမေဟာ သူ့ရဲ့နောက်နာမည်ကို ပြောင်းပြစ်မှာလည်းမလိုခြင်ပါဘူး။

In our family portrait
ကျနော်တို့ မိသားစုရဲ့သရုပ်ဖော်ခြင်းမှာ
We look pretty happy
ကျနော်တို့ပုံက ပျော်ရွှင်နေဟန်ပေါ့
We look pretty normal
ကျနော်တို့ဟာ အဆင်ပြေပြေရှိပုံမျိုးလေးပေါ့
Let's go back to that
ဒီလိုမျိုးလေး ပြန်နေကြမယ်လေ။.

In our family portrait
ကျနော်တို့ မိသားစုရဲ့သရုပ်ဖော်ခြင်းမှာ
We look pretty happy
ကျနော်တို့ပုံက ပျော်ရွှင်နေဟန်ပေါ့
Let's play pretend
ချစ်ချစ်ခင်ခင်နဲ့ ကျီစားနေသလိုလေးပေါ့
Let's act like it comes naturally
တို့တတွေ အားလုံးဟာပုံမှန်အခြေအနေလေးလိုပဲ ဟန်ဆောင်နေထိုင်ရအောင်လား

In our family portrait
ကျနော်တို့ မိသားစုရဲ့သရုပ်ဖော်ခြင်းမှာ
(Can we work it out?)
ကျနော်တို့ လုပ်ဆောင်နှိုင်ပါရဲ့လား
We look pretty happy
ကျနော်တို့ပုံက ပျော်ရွှင်နေဟန်ပေါ့
(Can we be a family?)
ကျနော်တို့ အတူတကွမှ ရှိနှိုင်ပါအုံးမလား။
We look pretty normal
ကျနော်တို့ဟာ အဆင်ပြေပြေရှိပုံမျိုးလေးပေါ့
(I promise I'll be better)
ပိုပြီး ကောင်းအောင်နေမယ်လို့ ကျနော်ကတိပေးပါတယ်။
Let's go back to that
အရင်အခြေနေလေးကို ပြန်သွားရအောင်နော်
(Mommy I'll do anything)
မေမေရယ် ကျနော်အရာအားလုံးလုပ်ရဲပါတယ်။

In our family portrait
ကျနော်တို့ မိသားစုရဲ့သရုပ်ဖော်ခြင်းမှာ
(Can we work it out?)
ကျနော်တို့ လုပ်ဆောင်နှိုင်ပါရဲ့လား
We look pretty happy
ကျနော်တို့ပုံက ပျော်ရွှင်နေဟန်ပေါ့
(Can we be a family?)
ကျနော်တို့ အတူတကွမှ ရှိနှိုင်ပါအုံးမလား။
We look pretty normal
ကျနော်တို့ဟာ အဆင်ပြေပြေရှိပုံမျိုးလေးပေါ့
(I promise I'll be better)
ပိုပြီး ကောင်းအောင်နေမယ်လို့ ကျနော်ကတိပေးပါတယ်။
Let's go back to that
အရင်အခြေနေလေးကို ပြန်သွားရအောင်နော်

(In our family portrait
ကျနော်တို့ မိသားစုရဲ့သရုပ်ဖော်ခြင်းမှာ
(Can we work it out?)
ကျနော်တို့ လုပ်ဆောင်နှိုင်ပါရဲ့လား
We look pretty happy
ကျနော်တို့ပုံက ပျော်ရွှင်နေဟန်ပေါ့
(Can we be a family?)
ကျနော်တို့ အတူတကွမှ ရှိနှိုင်ပါအုံးမလား။
We look pretty normal
ကျနော်တို့ဟာ အဆင်ပြေပြေရှိပုံမျိုးလေးပေါ့
(I promise I'll be better)
ပိုပြီး ကောင်းအောင်နေမယ်လို့ ကျနော်ကတိပေးပါတယ်။
Let's go back to that
အရင်အခြေနေလေးကို ပြန်သွားရအောင်နော်
(Mommy I'll do anything)
မေမေရယ် ကျနော်အရာအားလုံးလုပ်ရဲပါတယ်။)2

(Daddy don't leave
ဖေဖေရယ် ခွဲမသွားပါနဲ့
(Don't leave)
ခွဲမသွားပါနဲ့နော်)3
Daddy turn around please
ဖေဖေရယ် အနားမှာရှိပေးပါနော်။

Remember that the night you left
မှတ်မိပါသေးတယ် ဖေဖေခွဲသွားတဲ့ညကပေါ့
You took my shining star
ကျနော့ရဲ့ လင်းနေတဲ့ ကြယ်ကလေးကိုပါယူသွားတယ်လေ
(Daddy don't leave)3
ဖေဖေရယ်ခွဲမသွားပါနဲ့
Don't leave us here alone
ကျနော်တို့ကိုလည်း မခွဲသွားပါနဲ့။

Mama'll be nicer
မေမေဟာပိုပြီး ကောင်းလာသလို
I'll be so much better
ကျနော်လည်းပိုပြီး လိမ်မ္မာလာပါ့မယ်။
I'll tell my brother
ကိုကို့ကိုလည်း ပြောပါ့မယ်
I won't spill the milk at dinner
ပြီးတော့ ညစာစားတိုင်းလည်း နို့တွေကို မဖိတ်ကြစေတော့ပါဘူး။

I'll be so much better
ကျနော်ဟာ အရမ်းလိမ်မ္မာလာမလို။
I'll do everything right
ကျနော် အရာအားလုံး လုပ်ပါ့မယ်။
I'll be your little boy forever
ကျနော်ဟာ သားလိမ်မ္မာလေးအဖြစ်အမြဲ နေပါ့မယ်
I'll go to sleep at night
ကျနော် ညတိုင်းလည်းအိပ်ပါ့မယ်

Ohh ho ohh ho
Ohh ho ohh ho
tarkarshi.sarko@gmail.com

Sunday, February 14, 2010

ပြောရအုံးမယ် သူငယ်ချင်းကောင်းယောင်းမတို့ရေ(2)

ဒီတခါကတော့ တာကာ့ရဲ့သူငယ်ချင်း အချစ်ကိုကိုးကွယ်တဲ့ ပညာတတ်မကြီးတဦးရဲ့ မိုက်မဲမှူ့အကြောင်းပါ။ အင်း ပညာမတတ်လို့ ဗဟုသုတနည်းပါးလို့ဆိုရင်ထားပါတော့ကွယ် အခုတော့။
အင်းပြောလိုက်ပါရစေအုံး သူငယ်ချင်းကောင်းယောင်းမတို့ရေ။ဒီနေ့တာကာခေါင်းတွေမှူးနေပါတယ်။ အင်း နေမကောင်းပေမဲ့ အလုပ်မှာကလည်း လူနည်း( NOT ENOUGH MAN POWER) နေတော့ သွားလိုက်ပါတယ်။ အင်း ငါစေတနာတွေကိုရှော့မှ လို့ ကိုယ့်ဟာကိုပြန်ပြောမိရဲ့။ ဟုတ်သည်လေ အလုပ်မှာက နည်းနည်းပါးပါးပွနေရင်တောင် အရောင်းစာရေးလေးတွေကို မခိုင်းပဲ ကိုယ်တိုင်ဝင်လုပ် ကိုယ့်တာဝန်လည်းကိုယ်လုပ်နဲ့ နောက်ပိုင်း စိတ်ကဆောင်နေပေမဲ့လူကမရပါဘူး။ အင်းဒီကြားထဲ sinmyanmarguy.socialgo.com ကမော်မော်ကလည်း စာမူကို တကျီကျီတောင်း။ ရည်းစားကလည်း ချိန်းမတွေ့လို့ဆိုပြီး စိတ်တွေကောက်။( လီးပဲဟေ့ စောက်ဂရုမဆိုက်ဘူး) ဒါတင်မကသေးဘူး သူဌေးမရှိတော့ ဘာပြသနာဖြစ်ဖြစ် ဆိုင်တာဝန်ခံဖြစ်တဲ့ တာကာ့ခေါင်းပေါ်ကြ။တာကာအရင်လို အလှတောင်မပြင်နှိုင်ပါဘူး။( အလှမပြင်လည်း ကပိုကရိုလေးတော့ လှတာပေါ့နော်) ထားလိုက်ပါတော့လေ။

ဘာပဲဖြစ်ဖြစ်စာလေးတော့ မှန်မှန်ရေးမယ်ဟေ့ဆိုပြီး စရေးလိုက်ပါတယ်။အဓိကဆိုလိုခြင်တာက အခုခေတ်အခြေအနေအရဆိုရင် လက်ထပ်ပေါင်းသင်းခြင်းမပြုမှီသွေးစစ်ကြည့်ဖို့လိုအပ်တယ်ဆိုတာ အလေးနက်ဆုံး ပြောပါရစေ...ဘ၀နှစ်ခုလုံးကို မြုပ်နှံရမှာဆိုတော့ အရေးကြီးပါတယ်..စိတ်လည်းသန့်တယ်..ပျော်ရွှင်မှုလည်း အပြည့်ဝ ခံစားနိုင်ကြမှာပါ ..အဲဒါနဲ့ပတ်သတ်ပြီး အဖြစ်ပျက်လေးတစ်ခု ပြောပြချင်ပါတယ်..ချစ်သူတွေအားလုံး သင်ခန်းစာ ယူနိုင်အောင်ပါ.. ဒီတခါကတော့ တာကာ့ရဲ့သူငယ်ချင်း အချစ်ကိုကိုးကွယ်တဲ့ ပညာတတ်မကြီးတဦးရဲ့ မိုက်မဲမှူ့အကြောင်းပါ။ အင်း ပညာမတတ်လို့ ဗဟုသုတနည်းပါးလို့ဆိုရင်ထားပါတော့ကွယ် အခုတော့။ အင်း သူက BIG NAME မဟုတ်ပေမဲ့ မိဘအရှိန်ကမြင့်သူဆိုတော့ အမျည်တတ်မခေါ်တော့ပါဘူး။(တော်တော်များများကလည်းသူ့ကို သိကြပါရဲ့) မောင်ဖြူလို့ပဲ ထားလိုက်ပါတော့။ကြာတော့ကြာပါပြီ။ အင်း မောင်ဖြူနဲ့ တာကာနဲ့ဟာ တာကာမြန်မာပြည် ခဏပြန်တုန်းက သိကြတာပါ။ တာကာတို့ဟာ ကျောင်းမှာတင်ခင်မင်ရုံမကဘူး ရိုးရိုးအအ အပုံးမမို့ စွာတေးလန်တဲ့တာကာဟာသူ့အတွက် စိတ်ပူမိတတ်ပါရဲ့။

ILBC တကျောင်းလုံးကလည်း တာကာတို့ သူငယ်ချင်းနှစ်ဦးကို သိပါရဲ့။အင်း ဒီလိုနဲ့ပဲ GCE O LEVEL ကို နှစ်ဦးစလုံး ထူးချွန်စွာအောင်မြင်တယ် ဆိုပါတော့။သူဟာ သူ့မှာရည်းစားရနေပြီ ဖြစ်ကြောင်းအသိပေးပါရောကွယ်။ (အောင်မလေး ကောင်းကြပါသေးရဲ့လား အရပ်ကတို့ရေ ငါ့ သမီးလေး တော်လှတော်လှနဲ့ ယောင်းမမြင်းစီးသွားရုံတင် မကဘူး ကောင်မက ဒုံးကျည်ကို ဖင်တက်စွပ်တာ) မောင်ဖြူရဲ့အမြင်မှာတော့ သူဟာ သူ့ချစ်သူရင်တွေကွဲဖင်တွေကွဲအောင်ချစ်ရဲသူပေါ့။

အချစ်ကိုကိုးကွယ်ခဲ့သူတစ်ယောက်...ကိုယ့်ဘ၀တစ်ခုလုံးကိုတောင် အနစ်မွန်းခံပြီးချစ်သူကိုချစ်ရဲတဲ့ အချစ်သူရဲကောင်းမကြီးပါ.. သူဟာ ....................ဆိုတဲ့ ကောင်လေးနဲ့ ချစ်သူဖြစ်ခဲ့တယ်..သူ့ထက်နှစ်နှစ်ကြီးပေမဲ့ သူက က ပိုချစ်ရပါတယ်..ချစ်သူဘ၀မှာကတည်းက အနစ်နာခံပြီးချစ်လာခဲ့တာပါ..ကောင်လေးက အရမ်းပွေရှုပ်ပါတယ်..သူပြောနေကျစကားလေးကတော့ ”ကိုယ်ဘယ်လောက်ပဲရှုပ်ရှုပ် နောက်ဆုံး ကိုယ်တကယ်ချစ်ရတဲ့ မင်းကိုမင်းကိုပဲ ကိုယ်ထာဝရ လက်တွဲမှာဆိုတဲ့ အဲဒီစကားလေးနဲ့တင် သူကျေနပ်နေခဲ့တယ်...ခွင့်လွတ်နေခဲ့တယ်..သ၀န်တိုမှုလည်းမရှိ ..နောက်ဆုံးငါ့ဆီရောက်မှာပဲဆိုပြီး အရာအားလုံးကိုလစ်လျူရှုပြီး နေခဲ့ပါတယ် တွေ့ချိန်တန်တွေ့တယ်.. ပေါ့ပေါ့လေးပဲ နေခဲ့ပါတယ်.. သူငယ်ချင်းတွေပတ်ဝန်းကျင်က တားတာတွေကိုလည်း လက်မခံခဲ့ပါဘူး...တာကာ ဆိုရင် သူ့ကို အမြဲဖျောင်းဖျပြီး တားပါတယ်။ အဆက်ဖြတ်လိုက်ဖို့ တိုက်တွန်းတာလည်း ခဏခဏပါပဲ . ကိုယ့် လက်တွဲဖော်နေရာထားမှာပါ“ ဆိုတာပဲ.... ဒီ အမိုက်မဆိုတာကလည်းလေ ချစ်လိုက်တာများ အန်းလည်းအန်း ကုန်းလည်းကုန်းပေါ့။ တာကာကတော့ သူငယ်ချင်းကောင်းပီသစွာ တားပါသေးတယ် မောင်ဖြူရယ် မင်းကိုယ်နဲ့ အဆင့်တန်းတူ အချင်းချင်းထားပါလားပေါ့။

ဒါကိုပဲ အမိုက်မက တာကာ့ကို ဂုဏ်မက်သူကြီးဆိုပြီး ရန်တွေ့ပါရော။ တာကာကလည်း တာကာပါပဲလေ မဖြစ်သင့်ဘူးထင်လို့တားမိတာကို ဒီလိုပြောရပါ့မလားပေါ့။( ကိုယ့်ဖင်ထဲက ထွက်တဲ့ သမီးသာဆို ပါးတွေလှိမ့်ပိန့်ရိုက်ပြစ်ပြီ။) မင်းကိုပဲ ကိုယ်ထာဝရ လက်တွဲမှာဆိုတဲ့ အဲဒီစကားလေးနဲ့တင် သူကျေနပ်နေခဲ့တယ်...ခွင့်လွတ်နေခဲ့တယ်..သ၀န်တိုမှုလည်းမရှိ ..နောက်ဆုံးငါ့ဆီရောက်မှာပဲဆိုပြီး အရာအားလုံးကိုလစ်လျူရှုပြီး နေခဲ့ပါတယ် တွေ့ချိန်တန်တွေ့တယ်.. ပေါ့ပေါ့လေးပဲ နေခဲ့ပါတယ်.. သူငယ်ချင်းတွေပတ်ဝန်းကျင်က တားတာတွေကိုလည်း လက်မခံခဲ့ပါဘူး...တာကာ ဆိုရင် သူ့ကို အမြဲဖျောင်းဖျပြီး တားပါတယ်။

အဆက်ဖြတ်လိုက်ဖို့ တိုက်တွန်းတာလည်း ခဏခဏပါပဲ ဒါပေမဲ့ သူလုံးဝ လက်မခံခဲ့ပါဘူး . ဒါတင်မကသေးဘူး သူ့ရည်းစား အောက်တန်းစားအော်ဖာ ကောင်ကိုလည်း ကက်ကက်လန်အောင် မိန်းမကောင်းရန်တွေ့ပေါ့။(စောက်ကောင်က ဒါမျိုးကြတော့ စောက်ပါးစပ်ပိတ်လို့ မပိတ်ရင်လည်း တာကာက ဟောင်ကောင်ဂျက်မ အကွက်တွေနဲ့ တကယ်စော်မယ်ဆိုတာသိတာကို ။) နောက်ဆုံး အဲဒီ ကို .........ကိုမဖြတ်ရင် ငါ့ကို သူငယ်ချင်းစာရင်းကနေ ဖျက်လိုက်တော့ဆိုပြီး ပြောခဲ့ပါတယ်..သူ လုံးဝ မမှုပါဘူး။ သူ တာကာ့ကို လစ်လျူရှုခဲ့ပါတယ်..ကိုယ့်သူငယ်ချင်းအရင်းကြီးကိုတောင်စွန့်ပြီးသူ့ရည်းစားကိုပဲရွေးတယ်ဆိုပြီး တာကာလည်း သူ့ကိုပစ်ထားခဲ့မိပါတယ်... ..အဲဒီအတောအတွင်း တာကာလည်း စလုံးကိုပြန်ပြီး ကျောင်းဆက်တက်ပေါ့။

သူကလည်း ဆေးကျောင်းတက်ပေါ့( သူ့တို့ တမိသားစုလုံးက ဆရာဝန်တွေလေ)။ နောက်ဆုံး မောင်ဖြူဟာ လေဆိပ်တောင်လိုက်မပို့ ခဲ့ပါဘူး။ သူ့ရည်းစား စောက်ဆင့်မရှိတဲ့ အော်ဖာကောင်နဲ့ မိုးမမြင်လေမမြင်တွေဖြစ်ပေါ့။ တာကာနားလည်ပေးလိုက်ပါတယ် အရူးလေးအမဲသားစားမိသွားသည်ပေါ့။ အဆက်သွယ်ပြတ်သွားခဲ့ပါတယ်..တစ်နှစ်လောက်ကြာတော့ သတင်းရရှိခဲ့ပါတယ်..သူအပွင့်ဘဝကို ခံယူလိုက်ပြီ သူ့ကောင်လေးနဲ့အတူတူအခန်းငှါးနေကြတယ် ဆိုပြီး တာကာ့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြီး သတင်းပေးပါတယ်..ဖုန်းထဲမှာလည်း အဲဒီကောင်လေးရဲ့ မကောင်းကြောင်းတွေပါ ကြားလိုက်ရပါသေးတယ်.. တာကာ လည်း စိတ်မကောင်းဖြစ်မိတာကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး..သူ့ အတူတူနေတာတောင် ကိုတောင် သူငယ်ချင်းအရင်းဖြစ်တဲ့တာကာ့ကိုတောင် အသိမပေးပါဘူး... သူနဲ့ပတ်သတ်ပြီး စိတ်မကောင်းခြင်းတွေပဲဖြစ်နေမိခဲ့ပါတယ်။

.......................... ............................. အချိန်တွေကုန်လွန်သွားခဲ့ပါတယ်.တာကာ ရဲ့ ကိစတစ်ခုကြောင့် ရန်ကုန်ကိုရောက်လာခဲ့ပါတယ်..ရန်ကုန်ကိုရောက်တာနဲ့ မောင်ဖြူ ကိုသတိရမိပေမဲ့ စိတ်ထဲက အခဲမကျေမှုလေးတွေရှိမိတာကြောင့် သူ့ ဆီ မသွားဖြစ်ခဲ့ပါဘူး..တစ်နေ့ တာကာ စိတ်ထဲမှာ သူ့ကို အရမ်းသတိရမိပြီး တွေ့ချင်မိတဲ့အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် သွားလိုက်မယ်..အသက်တွေလည်းကြီးနေပါပြီလေ..ခွင့်လွတ်သင့်ရင် ခွင့်လွတ်၇မှာပဲ ဆိုပြီး သူ့အိမ်ကိုသွားဖြစ်ခဲ့ပါတယ်...သူ့အိမ်ဝင်းထဲကိုရောက်ရော တိတ်ဆိတ်မှုကစောင့်ဆိုင်းနေသလိုပါပဲ ...၀င်နေကျအတိုင်း ၀င်သွားလိုက်ပြီး သူတို့ကိုလိုက်ရှာမိပါတယ်..ထိုအချိန်မှာပဲ အခန်းထဲကလူတစ်ယောက်ထွက်လာပါတယ်..ပိန်ကပ်မည်းချောက်ပြီး မျက်တွင်းချိုင့်ချိုင့်အရိုးစုနဲ့ တူပါတယ်.. ဘယ်သူနဲ့တွေ့ချင်လို့လဲ လို့ တုန်တုန်ရီရီနဲ့ မေးပါတယ်..ကျွန်မလည်း “ဒါ မောင်ဖြူတို့အိမ်လား လို့မေးတော့မှ-အိမ်နောက်ဖေးကတာကာ့ သူငယ်ချင်းထွက်လာပြီး တာကာ့ ကိုလည်းတွေ့ရော အလွန်အံ့သြ၀မ်းသာသွားပြီး ဖက်ပြီး ငိုပါတော့တယ်( ဟဲ့ တာကာကလည်းကောင်မဘယ်လိုဖြစ်နေတာလည်း ငါ့ ဆီလီကွန်တွေနေရာရွှေ့ကုန်တော့မှာပဲပေါ့)........

..ပြီးတော့မှ ရုတ်တရက် တာကာလည်း လည်း ကြောင်သွားပြီး မောင်ဖြူ ဘာဖြစ်လို့လဲ ငါလေ ..နင့်ကို အရမ်းသတိရလို့လာခဲ့တာ ဆိုပြီးပြောခဲ့ပါတယ်....အဲဒီတော့မှသူလည်း အငိုတိတ်သွားပြီး အရိုးစုလိုလူလည်းအခန်းထဲပြန်ဝင်သွားပါတော့တယ်...ပြီးတော့မှ တာကာ့ကိုအကြောင်းစုံပြောပြပါတော့တယ်..”နင် ကို............ကို မမှတ်မိဘူးမဟုတ်လား..““မှတ်မိတယ်လေ သူ ဘယ်သွားနေတာလဲ” ဆိုပြီး ကျွန်မမေးလိုက်တော့ မောင်ဖြူငိုပါတော့တယ်..ပြီးမှ..“ခုနက အိပ်ခန်းထဲဝင်သွားတာ ငါ့ယောက်ျား ကို ................လေ” ဆိုတော့တာကာမှာ လန့်ပြီး မျက်လုံးပြူးသွားခဲ့ရပါတယ်..အရင်တုန်းက ဖြူဖြူခန့်ခန့်နှင့် ခန့်ညားချောမောလှသော လူတစ်ယောက်က ရှုတ်တရက် မျက်စိရှေ့မှာ လူရုပ်တောင် မပေါ်နိုင်တော့တာကို အံ့သြမဆုံးဖြစ်ခဲ့ရပါတယ်.
“ဘယ်လိုဖြစ်တာလဲမောင်ဖြူ ရယ် ငါတောင် မမှတ်မိတော့ဘူး..သူ ဘာရောဂါလဲ “ “AIDS လေ“
“ဟင်“ AIDS တဲ့။ ဘယ်လိုမှ ထင်မှတ်မထားတဲ့ရောဂါ တာကာ့ သူငယ်ချင်းရဲ့လက်တွဲဖော် ဖြစ်နေတယ်တဲ့။ ရုတ်တရက်ဆိုသလိုပဲ သူ့ကိုလည်းစိတ်ပူသွားမိခဲ့ပါတယ်...
ဘာပြောလို့ပြောရမှန်းတောင်မသိခဲ့ပါဘူး။နောက်သူပြောပြခဲ့ပါတယ်.. သူဟာ အရမ်းမိုက်ခဲ့ပါတယ်....သူ အသိုင်းအ၀ိုင်းက ဆေးဘက်ဆိုင်ရာအသိုင်းဝိုင်းဖြစ်တော့ လူကြီးတွေကတားမရတဲ့အဆုံးနားလည်စွာနဲ့ ဆေးစစ်ခိုင်းပါတယ်...လူကြီးတွေက ကောင်လေးကို သဘောမကျပေမဲ့ သူငယ်ချင်းကတော့ သူမှသူ ဖြစ်နေတဲ့အတွက် သူ့ဆနကို လိုက်လျောခဲ့ရပါတယ်။(မောင်ဖြူက မွေးရာပါနှလုံးရောဂါသယ်လေးဖြစ်သည်) လူကြီးတွေအလိုရ ဆေးစစ်ကြပါတယ်...ဆေးစစ်ချက်လည်းထွက်လာပါတယ်..ကောင်လေးက HIV positive ပါ။ မောင်ဖြူမှာတော့ ဘာပိုးမှ မရှိခဲ့ပါဘူး။

သူ လည်း ဆေးစစ်ချက်ကို သူ့ကောင်လေးကိုရော သူ့မိဘတွေကိုပါ ဖုံးထားပြီး လက်ထပ်ခဲ့ပါတယ်...သူ့ကောင်လေးလည်းမသိခဲ့ပဲနဲ့ လက်ထပ်ခဲ့ပါတယ်...လက်ထပ်ပြီး 1 နှစ်လောက်ကြာမှ သူ့အမျိုးသားမှာ ရောဂါဝေဒနာခံစားရတော့တာပါ...ရလာတဲ့နောင်တကအရမ်းနောက်ကျသွားခဲ့ပါပြီ...ဘာတစ်ခုမှ ပြင်ဆင်လို့ မရတော့ပါဘူး ...တာကာရဲ့သူငယ်ချင်းလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေပါတယ်..သူ့အမျိုးသားလည်း နေ့ ည မှန်း မသိတဲ့ အခြေအနေကိုရောက်ရှိနေပါပြီ..ချစ်စရာကောင်းပြီး ထက်မြက်တဲ့ သူ့ ဘ၀လေးလည်းပျက်ဆီးသွားခဲ့ပါပြီ။

..................... ................................. လူဆိုတာ ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရိတ်သိမ်းရပါတယ်..ကိုယ့်သမိုင်းကိုယ်ရေးရပါတယ်...ဒါပေမဲ့ရေးတဲ့သမိုင်းလေးက လှပဖို့လိုအပ်ပါတယ်....ချစ်တာတစ်ခုတည်းကို ဦးစားပေးလို့ မရပါဘူး။

အချစ်တစ်ခုတည်းနဲ့အဆင်မပြေနိုင်ပါဘူး....အချစ်အတွက်နဲ့မရူးမိုက်သင့်ပါဘူး...ဘယ်အရာကိုမဆို မလုပ်ခင် စဉ်းစားသင့်ပါတယ်..လုပ်ပြီးမှ နောင်တတွေ တပွေ့တပိုက်နဲ့ဝမ်းမနည်းသင့်ပါဘူး...ဒီအဖြစ်အပျက်လေးက ချစ်သူတွေအတွက် သင်ခန်းစာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.. ဒီအမိုက်မလိုပဲ အချစ်ကို မရူးသွပ်ခေချင်ပါဘူး...သူအမျိုးသားလိုလည်း မပွေရှုပ်ကြပါနဲ့...ကိုယ့် ချစ်သူအပေါ်သစာရှိကြပါ...တန်ဖိုးထားပါ ..မြတ်နိုးပါ ..အချစ်ကိုမှန်ကန်စွာရွေးချယ်နိုင်ပြီး ချစ်သူအပေါ်သစာရှိတဲ့ချစ်သူများဖြစ်ကြပါစေနော်... ရွေးချယ်မှု မှန်ကန်နိုင်ကြပါစေ...

ပြောရအုံးမယ် သူငယ်ချင်းကောင်း ယောင်းမတို့ရေ

ပြောရအုံးမယ် သူငယ်ချင်းကောင်း ယောင်းမတို့ရေ အကြောင်းညီညွတ်လို့ ဘောင်းဘီချွတ်ပြီး စာရေးလိုက်ပါတယ်..အင်း ပြောရအုံးမယ်ဆိုတာထက်စာရင် မွှေမယ်လို့ပြောရင် မှန်မယ်။
ကြားရက်တွေဆိုတော့ ဈေးဝယ်တွေကလည်းပါးတော့ ထုံးစံအတိုင်း အပြင်ကသူငယ်တွေကို အပျိုဖြန်းလေးတွေရဲ့ သဘာဝအတိုင်း ရှိုးနေတာပေါ့နော်(အရှက်မရှိ သရက်စေ့ လည်း မဟုတ်ပါဘူးနော်)။

အဲ့ဒီအချိန်မှာပဲ တာကာ့မျက်လုံးထဲကို အမှိုက်မဝင်လာပါတယ်။ ဘယ်သူလည်းမေးမနေနဲ့နော် မိစည်ပေါ့ ချစ်ရတဲ့ သေးသောက် အမတော်ပေါ့။ အမယ်လေး ကျားယောင်တွေဆောင်လို့ ။ စောက်မှတ်ကိုမရှိတဲ့ တာကာလည်း ဝမ်းသာအားရနဲ့ကြိုလိုက်တာပေါ့။ပြီးတော့မိစည်နဲ့တာကာနဲ့လည်း တာကာသွားနေကြ စားပွဲထိုးချောချောလေးတွေရှိတဲ့ ဆိုင်ကိုသွားပြီး ရုတ်တည်နဲ့ မုန့်တီထိုက်သောက်နေတာပေါ့။ သူငယ်တွေကလည်း ဆင်လိုက်တာမှကွယ်( နောက်တခါဆိုရင် လည်ပင်းမှာသွားရေခံလေးတပ်ထားရမယ်)။

တာကာတို့ရဲ့ မာမီပြောင်ကြီးကိုတောင် သတိရသွားတယ်( သူက မိခင်ကောင်းပီသစွာ သူငယ်ရှာကြွေးနေကြ မို့ပါ)။ အဲ့ဒီအချိန်မှာပဲ တာကာတို့နဲ့အပြိုင်မွှေဖော်မွှေဖက် ဂြိုဟ်မ ဝင်လာပါတယ်။ ဒီဂြိုဟ်မ ဆိုတာလည်း စလုံးက အန်းကုန်းမယ်တော်ဘွဲ့ကို ပြိုင်ဆန်ရှားရထားသူလေးပါ။သူဟာ တာကာတို့ရဲ့ ဘိုလိုးမအဖွဲ့ဝင် တဦးဖြစ်တယ်။ သူကလည်းတာကာတို့ကိုတွေ့တွေ့ခြင်းဟန်ပင်မဆောင်နှိုင်ပဲ ပြေးလာကာ ရင်ဖွင့်တော့သည်။ ဪ နားလည်ပါတယ်ကွယ်ပေါ့နော် တာကာနဲ့ မိစည်လည်း အင်းလိုက်နေတာပေါ့။ ပြီးတော့မှ မိစည်ကလည်း အမကြီးတော့အမိအရာမို့ သူ့ရဲ့ လက်မှာထိုးထားတဲ့ တက်တူးလေးကို ဖော်ပြပြီး တော်ကီစပြစ်တော့သည်။ဲ့ (တက်တူးလေးဟု ဆိုရာတွင်လည်း ဖင်ရားပြီးထိုးကာ ထိုးစဉ်ကလည်း တာကာ့ရဲ့ လက်ကိုတဖက်ကကိုင် မာမီပြောင်ကြီးရဲ့ လက်ကိုတဖက်ကကိုင် ရှိတဲ့လင်တွေကိုတန်းတပြီး ဗိုက်ကြီးသည်မီးနေခန်းထဲတွင် မီးဖွားသကဲ့သို့ ပင် ခက်ခဲစွာထိုးထာခြင်းဖြစ်သည်။ တော်တော်လေးကို အမျိုးကောင်းသားပီသစွာ အခြောက်သတည့်ကို အားလုံးသိအောင် ငိုရိုပြသူလည်းဖြစ်သည်။တာကာ့နဲ့ မာမီပြောင်ကြီးဆိုစောက်ရှက်တွေကွဲလို့။ ဒီဖင်မနိုင်ပဲ ပဲကြီးဟင်းစားချင်တဲ့ကောင်မ လုပ်လို့ပေါ့။)

အင်း ဒီလိုရှိတယ်ဂြိုဟ်ဂြိုဟ်ရေ ဟုမိစည်ကစပြီးပြောသည်။
လင်ထောင်ခြင်ရင်
၁-သူ့ကိုမကြာခဏ ချီးကြူးပါ၊(မြှောက်သင့်လျှင်မြှောက်၊ ပြန်ဖမ်းဖို့မမေ့ပါနဲ့ )။
၂- ကြင်နာစွာနမ်းပါ။(အဝေးရောက်နေရင်တောင် ယင်ကောင်အနမ်း(flykiss) လေးပေးပါ)။
၃- ဂရုစိုက်ပေးပါ။( ကျီးထိုးထိုး၊ ခွေးစားစား ပစ်မထားပါနဲ့)။
၎- ပျော်အောင်ထားပါ။( ဟာသာများများဖတ်၍ ရယ်စရာပြောပါ။ မရယ်လျှင် ကလိထိုး၍ရယ်ခိုင်းပါ...အဲဒါမှမရီသေးဘူးဆိုလျှင်.........)။
၅- အလေးအနက်ထားပါ၊လေးစားပါ( လေးစားခြင်းဟာ သုံးစားမရသောကြောင့်ဖြစ်သည်၊ ဟန်ဆောင်ပန်ဆောင်လေးပေါ့)။
၆- $ များများသုံးပါ၊( အိမ်မှာ ရေသောက်ဗိုက်မှောက်နေပြီး စုဆောင်းထားသမျှ ဖွန်ကြောင်ခြင်းတွင်သုံးပါ....ဒါမှမဟုတ် မြန်မာငွေလဲပါ)။
၇- ကြိုက်တတ်သည့်အစားအစာများကို ကျွေးပါ( စားသောက်ဆိုင်မသွားခင် မိမိတွင် $ မလုံလောက်ဟုထင်ပါက သူငယ်ချင်းထံမှ လည်ပင်းညှစ်ခဲ့ပါ၊ အပိုငွေမှာ ဟိုတယ်သွားရန်ဖြစ်သောကြောင့်ဖြစ်ဧ။်)။
၈- အမြဲအဆင်သင့်ရှိနေပါစေ၊( ထမင်းဆာတယ်ဆိုလျှင် ခူးပြီးပါပြီ ဖြစ်နေရမည်.....အဆင်ပြေ၀ါးပါကျွေးပလိုက်..သူသာစားတယ်ဆို၇င်ပေါ့်)။
၉- သူ့စကားကို နားထောင်ပါ၊( ပေါက်သင်ညိုကို အတုယူ၍ အမြဲခေါင်းညိမ့်ပါ၊ ကွယ်ရာတွင် လုပ်ချင်ရာလုပ်ပေါ့)။
၁၀-သူ ပြောသမျှကို အမြဲထောက်ခံပါ( ဒေါက်ကလေးဆောင်ထားပါ ထောက်ခံပေးလို့၇တာပေါ့)။အေး ထောက်ခံရင်ခံ မခံရင်လည်းခံခြင်ရာခံ။
၁၁-သူ့ အတွက်ဆိုလျှင် ကမ္ဘာအဆုံးထိသွားပါမည်။ ကောင်းကင်ကို ဒူးနဲ့ တိုက်ပါမည်၊ မိုးကြိုးပစ်လျှင် မိုးကြိုးကို ဒိုင်ဗင်ပစ်ဖမ်းပေးမည်ဟု ကြွေးကျော်ပါ။( တကယ်လုပ်လို့ရတာမှ မဟုတ်ပဲ ၊ တွေးမကြောက်ပါနှင့်)။

အားလုံးအပြီးမှာ အားငယ်နေသော ဂြိုဟ်ဂြိုဟ်မှာလည်းအားတက်ခါ ပြန်လည်ပျော်ရွှင်သွားပါသည်။တာကာကတော့ ဆယ်ကျော်သက်မလေးမို့ နားမလည်စွာဖြင့် ပါးစပ်အဟောင်းသားလေးဖြင့် နားထောင်နေရင်း ဘေးမှ ဖြတ်သွားသော စားပွဲထိုးအမိစားလေးကို မျက်လုံးအသာလေးမှိတ်ပြလိုက်သည်။ ဒါက မိစည်ရဲ့ကိုယ်တွေ့လေ မှန်မမှန်ကိုယ်တော့ဘယ်သိမလည်းနော့....................